ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အ သီးသီးသို့ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူ ၆၅၉ ဦး၏ စာရင်းများထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အ သီးသီးသို့ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူ ၆၅၉ ဦး၏ စာရင်းများထုတ်ပြန်
August 2, 2022 Popular Journal

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အ သီးသီးသို့ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူ ၆၅၉ ဦး၏ စာရင်းများထုတ်ပြန်

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ တက္ကသိုလ်အသီးသီး၌ ပထမနှစ်(၅/၂၀၂၂)သင်တန်းများ၏ လစ်လပ်နေရာများသို့ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူ ၆၅၉ ဦး၏ စာရင်းများအား သြဂုတ် ၂ ရက်(ယ နေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူများမှာ ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ၆၅ ဦး၊ ဆေးတက္က သိုလ်(၂)ရန်ကုန်တွင် ၄၆ ဦး၊ ဆေးတက္ကသိုလ်(မ န္တလေး)တွင် ၇၄ ဦး၊ ဆေးတက္ကသိုလ်(မကွေး)တွင် ၂၁ ဦးတို့ဖြစ်သည်။

အလားတူ ဆေးတက္ကသိုလ်(တောင်ကြီး)တွင် ၅ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) တွင် ၄၃ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)တွင် ၅၂ ဦးတို့လည်း ပြောင်းရွှေ့တက်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ၅၄ ဦး၊ ဆေး ဝါးတက္ကသိုလ်(မန္တလေး) ၂၀ ဦး၊ ဆေးဘက်ဆိုင် ရာနည်းပညာတက္ကသိုလ်(ရန်ကုန်) ၄၀ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး) ၃၄ ဦး၊ သူနာပြုတက္ကသိုလ်(ရန်ကုန်) ၇၃ ဦး၊ သူနာပြုတက္ကသိုလ်(မန္တလေး) ၅၆ ဦးနှင့်အခြေခံကျန်းမာ ရေးတက္ကသိုလ်(မကွေး) ၇၆ ဦးတို့လည်း တက်ရောက်ခွင့်ရရှိခဲ့ကြသည်။

အဆိုပါ ပြောင်းရွှေ့သင်ကြားခွင့်ရရှိသူ ၆၅၉ ဦးသည် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲဖြင့်အောင်မြင်ခဲ့သူများဖြစ်သည်။

ထို့ကြောင့် ဆေးတက္ကသိုလ်အသီးသီး၌ ဝင်ခွင့်ရရှိခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည် သြဂုတ် ၃ ရက်မှစတင်၍ ဝင်ခွင့်ရတက္ကသိုလ်၌ ကျောင်းအပ်နှံရမည်ဖြစ်ကာ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်၊ အမှတ်စာရင်းမူရင်းနှင့်မှတ်ပုံတင်(မူရင်း)တို့ကိုလည်း တင်ပြရမည်ဖြစ်သည်။

အလားတူ သြဂုတ် ၁၂ ရက်အထိ သက်ဆိုင်ရာဆေးတက္ကသိုလ်အသီးသီးသို့ သတင်းပေးပို့ ကျောင်းအပ်နှံခြင်းမရှိသူများသည် ဝင်ခွင့်စာရင်းမှပယ်ဖျက်ခံရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*