ပထမဦးဆုံးအကြိမ်ကျင်းပသည့် မနောလိဂ် ဘောလုံးပြိုင်ပွဲ Kachin Real ကလပ်အသင်း ဗိုလ်စွဲ

0
229

ပထမဦးဆုံးအကြိမ်ကျင်းပသည့် မနောလိဂ် ဘောလုံးပြိုင်ပွဲ Kachin Real ကလပ်အသင်း ဗိုလ်စွဲ

ကချင်ပြည်နယ်အတွင်း ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်သည့် မနောလိဂ် အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲတွင် Kachin Real ကလပ်အသင်းက ချန်ပီယံဆုကို ဗိုလ်စွဲခဲ့ကြောင်းသိရသည်။
ယမန်နေ့ သြဂုတ် ၁ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ဗိုလ်စွဲခဲ့သည့် Kachin Real ကလပ်အသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊အမှတ်တရလက်ဆောင်နှင့်ချန်ပီယံဒိုင်းဆုတို့ အားပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမားဆုများကိုလည်းရွေးချယ်၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်း မနောလိဂ်ဘောလုံးပြိုင်ပွဲသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြီးကြပ်မှုဖြင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ ဘောလုံးကလပ်အသင်း ၁၂ သင်းဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဘောလုံးပြိုင်ပွဲကို အသင်း ၁၂သင်းဖြင့် သုံးလကြာ ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် Kachin Real ကလပ်အသင်းနှင့် Junior Star ကလပ်အသင်း တို့ကနောက်ဆုံး ဗိုလ်လုပွဲသို့ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ကျင်းပရခြင်းသည် ဒေသတွင်း ဘောလုံးအားကစား တိုးတက်မြင့်မားရေး၊ လူငယ်/လူရွယ်များ အားကစားတွင် ပူးပေါင်းပါဝင်လာစေရေးအတွက်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here