ပခုက္ကူမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

0
286

ပခုက္ကူမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ကမ္မမြို့၊အမှတ်(၄) ရပ်ကွက်နေ မူလတန်းပြဆရာမဒေါ်ခင်မာနိုင် (၃၈)နှစ်သည် ဇူလိုင် ၃၀ ရက်မွန်းတည့်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က အ.မ.က (သရက်ကန်)ကျောင်းမှ မူလတန်းပြဆရာမဒေါ်ခင်မာနိုင်သည် ကျောင်းမှတဆင့် မြစ်ခြေ-ကမ္မကားလမ်းအတိုင်း နေအိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဥ် နောက်မှ ဆိုင်ကယ်မောင်းနှင် လာသည့် အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များက ဆးမူလတန်းပြဆရာမဒေါ်ခင်မာနိုင်အားသေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ဒေါ်ခင်မာနိုင်၌ကျည်ထိမှတ်ဒဏ်ရာများရရှိခဲ့သဖြင့် ပခုက္ကူမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ယင်းနေ့နံနက် ၁၀ နာရီခန့်တွင်လည်း ပခုက္ကူမြို့နယ်၊ကျွဲတဲ(ရွာမ)ကျေးရွာရှိ အ.လ.က (ခွဲ)ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးရုံးခန်းတံခါးဝ၌ ခြိမ်းခြောက်စာတစ်စောင် တွေ့ရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here