ငြိမ်းချမ်းရေးအတွက် ယုံကြည်စွာ လျှောက်လှမ်းလာကြဖို့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တိုက်တွန်း

0
237

ငြိမ်းချမ်းရေးအတွက် ယုံကြည်စွာ လျှောက်လှမ်းလာကြဖို့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တိုက်တွန်း

​နေပြည်​တော်၊သြဂုတ် ၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ (၁) နှစ်နှင့် (၆) လ(၁၈ လ)ပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းတွင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား​အောက်ပါအတိုင်း ပြောကြားလိုက်သည်။

“ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ် ပြန့်ပြန့်ဖွင့်ထားပါတယ်။ စိတ်ချယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ပြည်ထောင်စုကြီးရဲ့အကျိုး၊ ပြည်ထောင်စုဖွားတိုင်းရင်းသားများရဲ့ အကျိုးကို ရည်မျှော်တယ်ဆိုရင် တွေ့ဆုံဆွေးနွေး ကြခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်းသာယာမှုရှိရေးသည် အရေးကြီးသဖြင့် ၂၀၁၈ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်မှစ၍ ၂၀၂၂ ခုနှစ်ကုန်အထိ ငြိမ်းချမ်းမှုရစေရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ၂၁ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

“၁၈ လတာကာလအတွင်း ကျွန်တော်ကိုယ်တိုင် EAO အဖွဲ့တွေနဲ့တွေ့ဆုံမှု ၉ ကြိမ်၊ ညှိနှိုင်းရေးကော်မတီအနေနဲ့ EAO အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အခြားအဖွဲ့အ စည်းတွေနဲ့ စုစုပေါင်း ၇၅ ကြိမ်တွေ့ဆုံပြီး ငြိမ်း ချမ်းရေး၊တိုင်းပြည်နဲ့ဒေသကောင်းကျိုးအတွက် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားရှိခဲ့သဖြင့် ငြိမ်းချမ်းရေးအား လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ဆွေး နွေးနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင်ကမ်း လှမ်းဖိတ်ခေါ်ခဲ့သည်ဟု ပြောသည်။

“NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ထဲကမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေထဲက ၃ ဖွဲ့(စုစု ပေါင်း ၁၀ ဖွဲ့)က တွေ့ ဆုံဆွေးနွေးဖို့ အကြောင်းပြန်ကြားခဲ့တယ် ကျွန် တော် အခု အဖွဲ့ ၉ ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးပါပြီ ကျန် ၁ ဖွဲ့နဲ့လည်း မကြာမီတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒ နှင့်ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီကျင့်သုံးဆောင် ရွက်ရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အားအခြေ ခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ကာ ဖြစ်သင့်သည်နှင့်ဖြစ်ချင်သည်များကို ရင်းနှီးပွင့်လင်းစွာညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ပြောသည်။

ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ် အပိုင်း(၁/၂/၃)ပါသဘောတူညီချက်များနှင့်ပတ် သက်၍ အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား(၂)ပါအချက်များနှင့်ပတ် သက်၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး သ ဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု ပြောသည်။

အလားတူ တွေ့ဆုံဆွေးနွေးပြီးသည့်အဖွဲ့များနှင့် ဒုတိယအကျော့တွေ့ဆုံဆွေးနွေးမှုများအား ဆက် လက်လုပ်ပြုလုပ်သွားမည်ဟု ပြောသည်။

“ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ဖိတ်ခေါ်ရာမှာ ပထမ အကြိမ်ဖိတ်ခေါ်မှုကို တက်ရောက် လာခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တက်ရောက်ဆွေးနွေးနိုင်ဖို့ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့မှာ ထပ်ပြီးဖိတ်ခေါ်ခဲ့ပါတယ် ကျွန်တော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ကျယ်ကျယ် ပြန့်ပြန့်ဖွင့်ထားပါတယ် စိတ်ချယုံကြည်စွာ လျှောက်လှမ်းလာကြဖို့လည်း ဒီနေရာကနေ တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ပြည်ထောင်စုကြီး၏ အကျိုး၊ပြည် ထောင်စုဖွားတိုင်းရင်းသားများ၏ အကျိုးအား ရည်မျှော်ပါက တွေ့ဆုံဆွေးနွေးခြင်းသည် အ ကောင်းဆုံးဖြစ်သည်ဟု နစက ဥက္ကဋ္ဌကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here