တရုတ် – မြန်မာ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းကာ လျင်မြန်ချောမွေ့လာအောင် လုပ်ဆောင်ကြရန် ပြည်နယ်ဝန်ကြီးချုပ်တိုက်တွန်း
ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ -တရုတ်ကုန် စည်ပြန်လည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး ကြန့်ကြာမှုမရှိစေရေးအတွက် လုပ်ဆောင်ကြရန် ကချင် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်သည်။
အဆိုပါ မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းရေး လုပ် ငန်း ပြည်နယ်အဆင့် ညှိနှိုင်းအစည်းဝေးကို ယမန်နေ့ ဇူလိုင်လ (၂၅) ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှတစ်ဆင့် တစ်ဖက် တရုတ် နိုင်ငံသို့ ကုန်စည်စီးဆင်းရေးသည် ကချင်ပြည်နယ်၏ အဓိကလုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ပျမ်းမျှတစ်ရက်လျှင် ယာဉ်အစီးရေ (၆၀)ခန့်သာ ဝင်ရောက်နိုင်သည့် အတွက် ပို့ကုန်ယာဉ်စီးရေ ပိုမိုဝင်ရောက်စေရေးနှင့် ပို့ကုန်လုပ်ငန်းဆောင်ရွက်မည့် တွဲကား စီးရေ (၈၀၀)ကျော် ခွင့်ပြုထားပြီးဖြစ်သော်လည်း ကုန်သွယ်မှုလုပ်ငန်းများ ကြန့်ကြာမှုများရှိနေကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံသဘောတူ စာချုပ် (MoU)လက်မှတ်ရေးထိုးနိုင်ရေး ဥပဒေအကြံပြုချက် ရယူရန် ကိစ္စရပ်များ၊ ယာဉ်အဝင်/ အထွက် စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ စိုက် ပျိုးရေး ထွက်ကုန်သီးနှံများ၊ တိရစ္ဆာန်အစာ တင်/ပို့မှုဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအား ကိုဗစ်ကာကွယ်ဆေးထိုးနှံေရး ကိစ္စရပ်များကို
နယ်စပ်ကုန်စည်စီးဆင်းရေး လုပ်ငန်းတွင် ပါဝင်သည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြည်နယ်အဆင့်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် ဖြစ်ပေါ်နေသည့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ ကြန့်ကြာနေမှုနှင့် ပတ်သက်၍ လာမည့် ပွင့်လင်း ရာ သီတွင် တရုတ်နိုင်ငံနှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။