ပြည်-အောင်လံသွားကားလမ်းတွင် ခရီးသည်တင်ကားနှင့်ထော်လာဂျီတိုက်မိ၍ ၅ ဦးဒဏ်ရာရ

0
220

ပြည်-အောင်လံသွားကားလမ်းတွင် ခရီးသည်တင်ကားနှင့်ထော်လာဂျီတိုက်မိ၍ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ပြည်ခရိုင်၊ပြည်မြို့နယ်ရှိ ပြည်-အောင် လံသွားကားလမ်းတွင် ဇူလိုင် ၂၄ ရက်(ယနေ့)နံ နက် ၈ နာရီခန့်က ခရီးသည်တင်ကားနှင့်ထော်လာဂျီတိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ပြည်-အောင်လံသွားကားလမ်း၏ ရဲတပ်ရင်း(၁၀) ထိတ်တွင် တိုက်မိခဲ့ခြင်းဖြစ်ကာ ဦးခေါင်းကွဲ၊ ဒူးပွင့်၊ ခါးထိခိုက်၊ မျက်ခုံးကွဲဒဏ်ရာများရရှိခဲ့သူ ၃ ဦးနှင့်ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိသူ ၂ ဦးတို့ရှိခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများအား မြန်မာ နိုင်ငံလူမှုကူညီရေးအဖွဲ့(ပြည်)မှကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ပေးခဲ့ကြသည်။

ထို့နောက် ပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦးနှင့်အသေးစားဒဏ်ရာရရှိသူ ၂ ဦးတို့အား အရေးပေါ်ပြုစုကူသမှုများပြုလုပ်ကာ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့(ပြည်)နှင့်နှလုံးသားမေတ္တာရှင်လူ ငယ်များအဖွဲ့တို့မှ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here