Friday, May 30, 2025

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန်...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...
HomeInternationalအမေရိကန်၌ မျောက်ကျောက်ရောဂါကိုကလေးငယ်များတွင် စတွေ့

အမေရိကန်၌ မျောက်ကျောက်ရောဂါကိုကလေးငယ်များတွင် စတွေ့

အမေရိကန်၌ မျောက်ကျောက်ရောဂါကိုကလေးငယ်များတွင် စတွေ့

နယူးယော့ခ်၊ဇူလိုင် ၂၃

အမေရိကန်ပြည် ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ရှိ လမ်းလျှောက်စကလေးငယ်တစ်ဦးနှင့် အမေရိကန်နိုင်ငံသားမဟုတ်သည့် လသားကလေးငယ်တစ်ဦးတို့ မျောက်ကျောက်ရောဂါကူးစက်‌ နေကြောင်း ကျန်းမာရေးဌာနမှတာဝန်ရှိသူများက ဇူလိုင်လ ၂၂ ရက် သောကြာနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

ရောဂါဖြစ်ပွားမှုနှစ်ခုသည် ဆက်စပ်မှုမရှိသဖြင့် မိသားစုအတွင်းကူးစက်ခြင်း ဖြစ်နိုင်ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC)၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကလေးငယ်များသည် ကျန်းမာရေးကောင်းမွန်ပြီး ဆေးကုသမှုခံယူနေကြောင်းလည်း သိရှိရသည်။

တုပ်ကွေးကဲ့သို့‌ သောရောဂါလက္ခဏာများရှိပြီး အရေပြားဒဏ်ရာများကိုလည်းဖြစ်စေတတ်သော မျောက်ကျောက်ရောဂါသည် အာဖရိကအနောက်ပိုင်းနှင့်အလယ်ပိုင်းတွင် အဓိကဖြစ်ပွားခဲ့ပြီး အနီးကပ်ထိတွေ့မှုရှိမှသာကူးစက်တတ်သည့် ရောဂါမျိုးဖြစ်သည်။ယခုနှစ်အထိ နိုင်ငံပေါင်း ၆၀ ကျော်တွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး အာဖရိကတွင် ငါးဦးသေဆုံးခဲ့ပြီဖြစ်သည်။

အိမ်ဖြူတော်၏ ကိုဗစ်တိုက်ဖျက်ရေးညှိနှိုင်းရေးမှူး ဒေါက်တာ Ashish Jha က အစိုးရအနေဖြင့် မျောက်ကျောက်ကာကွယ်ဆေး အလုံးရေ ၃၀၀,၀၀၀ ကိုပေးပို့ထားပြီး ဒိန်းမတ်နိုင်ငံမှ နောက်ထပ် အလုံးရေ ၇၈၆,၀၀၀ တင်ပို့မှုကိုလည်း အမြန်ရရှိနိုင်ရန်အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

နယူးယော့ခ်ရှိ မျောက်ကျောက်ကာကွယ်ဆေးထိုးနိုင်‌သောလူဦးရေ၏ ထက်ဝက်ကျော်နှင့် ဝါရှင်တန်ဒီစီရှိ ကာကွယ်ဆေးထိုးနိုင်‌သောလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်အတွက် ပထမဆုံး ကာကွယ်ဆေးထိုးရန်အလုံအလောက်ရှိနေပြီဟုလည်း၎င်းကပြောသည်။

မျောက်ကျောက်အများဆုံးဖြစ်ပွားရာ အာဖရိကဒေသများတွင် သေဆုံးမှုသည် ၁ ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး အစုလိုက်အပြုံလိုက်မဖြစ်ပွားသည့် နိုင်ငံများတွင် သေဆုံးချေနည်းပါးနိုင်ကြောင်းသိရှိရသည်။သို့သော်လည်း ရောဂါပြင်းထန်မှုကြောင့် ဆေးရုံတက်နေရသည့် လူနာအများအပြားကိုလည်းတွေ့ရသည်။

မျောက်ကျောက်ရောဂါဖြစ်ပွားမှုအား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာရန်သင့်မသင့်ကို အမေရိက အနေဖြင့်အကဲဖြတ်နေဆဲဖြစ်ကြောင်းဒေါက်တာ Jha ကပြောကြားခဲ့သည်။”တကယ်လို့ လိုအပ်လာရင်တော့ အရေးပေါ်အခြေနေကြေငြာဖို့အတွက် ကျွန်တော်တို့သေချာစောင့်ကြည့်နေပါတယ်” ဟုလည်း၎င်းကဆိုခဲ့သည်။

Source – Reuters/gr

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထား

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့် စစ်တောင်းစသည့် မြစ်ကြီးများတွင် အဓိက ထည့်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အခြားသော မြစ်၊ ချောင်း၊ အင်းအိုင်နှင့် သဘာ၀ရေကန်များတွင်လည်း ထည့်မည်ဖြစ်ကြောင်း သိရသည်။ မျိုးစိုက်ထည့်မည့် ငါးအမျိုးအစားများမှာ ငါးမြစ်ချင်း၊ ရွှေ၀ါငါးကြင်းနှင့် ငါးခုံးမ ငါးများဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ငါးသားပေါက်များ ဆောင်ရွက်ရခြင်းသည် တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာနိုင်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု၀င်ငွေပိုမိုရရှိစေသည့်အပြင်...

မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခုသတ်မှတ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့ကြောင်း သိရသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ရာသီဥတုမျှတပြီး စိမ်းလန်းစိုပြည်ရန်နှင့် အပူပိုင်း သစ်တောများ ထိန်းသိမ်းကာကွယ်ရန် ၂ဝ၂၅ ခုနှစ်၊ ဧပြီ ၃ဝ မှစတင်၍ မန္တလေးတိုင်းဒေသကြီးအတွင်း ကြိုးပြင်ကာကွယ်တော နှစ်ခု သတ်မှတ်ခဲ့သည်။ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေ ပုဒ်မ-၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းမှ သာစည်မြို့နယ်တွင် ၄င်းနယ်မြေအတွင်းရှိ သဘာဝဧရိယာ ၆,၃၈၃...

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လက ခရီးသွားဧည့်သည် (၁၆,၁၅၅) ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀)ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071