ရန်ကုန်တိုင်းတွင် တိုင်းလုံးကျွတ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမည့် လျာထားချက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ဟုဆို

0
152

ရန်ကုန်တိုင်းတွင် တိုင်းလုံးကျွတ် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမည့် လျာထားချက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်ဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာပေါင်း (၂၁၃၉)ရွာမှ ပြည်သူများကို (၁၈) လအတွင်း နိုင်ငံသား စိစစ်ရေးကတ် (၇) သိန်းကျော် ထုတ်ပေးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာ ထားချက် အောင်မြင်ပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးအတွင်း တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ စီမံကိန်း တိုင်းလုံးကျွတ် အောင်မြင်ပွဲအခမ်းအနားကို ဇူလိုင်လ (၁၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး အဖွဲ့မင်္ဂလာခန်းမတွင် ကျင်းပခဲ့ရာ  ပြည် ထောင်စုဝန်ကြီးဦးခင်ရီ တက်ရောက်ပြီး နိုင်ငံသား စိစစ်ရေးကတ်၏ အရေးပါပုံများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။ 

“နိုင်ငံသားကတ်ပြားသည် လူတစ်ဦးချင်းအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်လို အပ်သည့် နိုင်ငံ သားအထောက်အထားတစ်ခုဖြစ်ပါတယ်” ဟု ဝန် ကြီးဦးခင်ရီက ပြောကြားခဲ့သည်။

နစကအနေဖြင့်  ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၃) ရက်အထိ (၁၈)လကြာ သတ်မှတ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဆောင် ရွက်ရမည့် လုပ်ငန်းပမာဏ လျာထားသတ်မှတ် ဆောင် ရွက်ခြင်းဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၄)ခု၊ မြို့နယ် (၄၅) မြို့နယ်၊ ရပ်ကွက် (၇၄၃)ခု၊ ကျေးရွာအုပ်စု (၆၂၁) အုပ်စု၊ ကျေးရွာပေါင်း(၂၁၃၉)ရွာမှ ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၇၁၄၈၂၁) ကတ် ထုတ်ပေးရန်  လျာထားခဲ့ရာ ယခုအခါ သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့် ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့ သတ်မှတ် ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  (၉) ခုမြောက် တိုင်းလုံး ကျွတ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တ လေး၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ မွန် စသည့် တိုင်းဒေသကြီး/ ပြည်နယ် (၈) ခုတွင် တိုင်းလုံးကျွတ် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ပြီးဖြစ် ကြောင်းလည်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here