ပြည်တွင်း ပို့ဆောင်ရေးတွင် မှောင်ခို လုပ်ကိုင်မှုများရှိနေ၍ တိုင်းပြည်အတွက် နစ်နာနေဟု နိုင်ငံတော် ဝန်ကြီးချုပ်ပြော

0
46

ပြည်တွင်း ပို့ဆောင်ရေးတွင် မှောင်ခို လုပ်ကိုင်မှုများရှိနေ၍ တိုင်းပြည်အတွက် နစ်နာနေဟု နိုင်ငံတော် ဝန်ကြီးချုပ်ပြော\

ပြည်တွင်း ပို့ဆောင်ရေးကဏ္ဍတွင် မှောင်ခိုလုပ်ကိုင်မှုများရှိနေ၍ နိုင်ငံတော်အတွက် များစွာထိခိုက်‌နေကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဇူလိုင်လ (၂) ရက် နံနက်ပိုင်းက ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ပြည်တွင်း ပို့ဆောင်ရေးလုပ်ငန်းများသည် ယခင်က အောင်မြင်မှုရှိခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက် အခဲများနှင့် မှောင်ခိုလုပ်ငန်းများ ဆောင် ရွက်မှုများကြောင့် နိုင်ငံပိုင်ပိုဆောင်ရေးလုပ်ငန်းကို များစွာထိခိုက်စေခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံပိုင်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်တိုး တက်မှုရှိစေရေးအတွက် ဝန်ထမ်းများ၏ သက် သာချောင်ချိရေးကိုလည်း အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုကို မှန်မှန်ကန်ကန်ဖြင့် တိုးတက်အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဝန် ကြီးချုပ်က ဆိုသည်။

ပို့ဆောင်ရေးကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးသည် ငွေကုန်ကြေးကျမှု အသက်သာဆုံးနှင့် ကုန်စည်များစွာကို အမြန်ဆုံး ရွှေ့ပြောင်းပေးနိုင်သည့် ပို့ဆောင်ရေး လမ်း ကြောင်းတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံတွင် ရေကြောင်းပို့ဆောင်ရေးအတွက် မြစ်ချောင်းများ များစွာ ရှိ‌နေသော် လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက် မှုအားနည်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုရှိလာရန်နှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက်အောင် အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ တော်အတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် ရေကြောင်းပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုး တက်စေရေး အစိုးရမှ ဆောင်ရွက်ရမည့်အပြင် ပုဂ္ဂလိကလုပ် ငန်းများကိုလည်း အားပေးရန်နှင့် ရေလမ်းကြောင်းများ၊ ဆိပ်ကမ်းနှင့် သင်္ဘောများ ကောင်းမွန်ရန်သလို အဓိကကျသည့် ခရီးသည်များ ခေတ္တနားနေရန်၊ ကုန်စည်များ ပို့ဆောင်ရေးအတွက် လိုအပ်သည့် ယာဉ်ရပ်နားရန်နေရာများနှင့် ကုန်ပ စ္စည်းများထားရှိနိုင်သည့် နေရာများလည်းလိုအပ်ကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က တာဝန်ရှိသူ များကို မှာကြားသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here