ယူကရိန်းသည် အီးယူသို့ လျှပ်စစ်ဓာတ်အားတင်ပို့နေပြီ

0
110

ယူကရိန်းသည် အီးယူသို့ လျှပ်စစ်ဓာတ်အားတင်ပို့နေပြီ

ကိဗ်၊ဇူလိုင် ၁

ယူကရိန်းသမ္မတ ဇလန်းစကီး က ရိုမေးနီးယားသို့ ဓာတ်အားပို့လွှတ်မှုသည် ဥရောပ အ​နေဖြင့် ရုရှား၏ဟိုက်ဒရိုကာဗွန်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မည့် လုပ်ငန်း အစဖြစ်ကြောင်းဇွန် ၃၀ ကြာသပတေးနေ့ က၎င်း၏ ညစဉ် ဗီဒီယို တွင်​ပြောခဲ့သည်။

” ဥရောပကသုံး​နေသော ရုရှားဓာတ်ငွေ့ ​နေရာတွင်ယူကရိန်းလျှပ်စစ်ကို အစားထိုးမှာဖြစ်တယ်။စစ်ပွဲစကတည်းက ကျွန်တော်တို့နိုင်ငံက အီးယူစွမ်းအင်စနစ်နဲ့ ချိတ်ဆက်​နေပါတယ်။ ယူကရိန်းဟာ တစ်ချိန်က မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေကို အခုလုပ်နေပါတယ်။” ဟုဇလန်းစကီး က ပြောကြားခဲ့သည်။

ယူကရိန်းသည် ဥရောပ ကွန်ရက် ထုတ်လွှင့်မှုစနစ် အော်ပရေတာများ (ENTSO-E) တွင်လေ့လာသူအဖြစ် ပါဝင်ရန် မတ်လလယ်တွင် သဘောတူညီချက် ရရှိထားသည်။

ဇွန်လ၃၀ ရက်နေ့မှ စတင်၍ ဆိုဗီယက်ဟောင်း မော်လ်ဒိုဗာမှ လျှပ်စစ်ဓာတ်အားနှင့်အတူ ယူကရိန်းနိုင်ငံမှ ပထမဆုံး ပို့ကုန်များအတွက် ပြင်ဆင်မှုများ ပြီးစီးခဲ့ကြောင်း ENTSO-E မှ ပြောကြားခဲ့သည်။ 

 စလိုဗက်ကီးယားနှင့် ယူကရိန်းနိုင်ငံတို့အကြား အပြန်အလှန်ချိတ်ဆက်မှုဖြင့် လျှပ်စစ်ဓာတ်အား ရောင်းဝယ်ဖောက်ကားခြင်းလုပ်​ဆောင်ပြီးပါက ယူကရိန်းနှင့်ဟန်ဂေရီ၊ မော်လ်ဒိုဗာနှင့် ရိုမေးနီးယားတို့ကြား တွင်လည်းမကြာမီတွင် လုပ်​ဆောင်မည်ဟု ၎င်းကဆိုသည်။ 

စုစုပေါင်းကုန်သွယ်မှုပမာဏကို ပထမအဆင့်တွင် ၁၀၀မီဂါဝပ် ဟု သတ်မှတ်ထားကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

 ၀န်ကြီးချုပ် Shmyhal က ဥရောပသို့ယူကရိန်း၏ လျှပ်စစ်ဓာတ်အား တင်ပို့မှုအလားအလာသည် ၂.၅ ဂစ်ဂါဝပ်အထိ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

Source – Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here