မြိုင်တွင် Drone ဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် (၅) လသားအရွယ် ကလေးငယ်နှင့် အမျိုးသမီး (၁) ဦးသေ ဆုံးကာ (၄)ဦး ဒဏ်ရာရ

0
124
မြိုင်တွင် Drone ဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် (၅) လသားအရွယ် ကလေးငယ်နှင့် အမျိုးသမီး (၁) ဦးသေ ဆုံးကာ (၄)ဦး ဒဏ်ရာရ
မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်တွင် PDF တို့၏ Drone ဖြင့် လေကြောင်းမှ ဗုံးခွဲတိုက်ခိုက်မှုကြောင့် (၅) လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ ကျန်အမွှာ ကလေးငယ်(၁)ဦးနှင့် မိသားစုဝင်(၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇွန်လ (၂၂) ရက် နေ့လယ်ပိုင်းက မြိုင်မြို့နယ် ၊ ထန်းဘူးတော်ကျေးရွာတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဇွန် (၂၂) ရက် နေ့လယ် (၁၂) နာရီဝန်းကျင်က မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းဘူးတောကျေးရွာရှိ လက်သမားလုပ်ငန်း လုပ်ကိုင်သည့် ဦးစိန်မောင်(ဘ)ဦးပြူးနှင့် မိသားစုဝင်များသည် နေအိမ်၌ ရှိနေစဉ် အိမ်‌ ရှေ့သို့ Drone ဖြင့် လေကြောင်းမှဖောက်ခွဲသည့် လက်လုပ်ဗုံး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဒေါ်စောနွယ် (၆၇) နှစ်နှင့် (၅) လ သားအရွယ် အမြွှာကလေးငယ် ယောကျ်ားလေး (၁) ဦးတို့တွင် (စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ပြီး ကျန်အမြွှာက လေးငယ် (၁) ဦးနှင့် မိသားစုဝင် ၃ ဦးတို့တွင်လည်း ဒဏ် ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒဏ်ရာများရရှိခဲ့သည့်အတွက် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒေါ်စောနွယ်နှင့် (၅) လသားအရွယ် အမြွှာကလေး (၁) ဦးတို့သည် ရရှိ ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်မှု ကျူး လွန်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here