Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeNewsLocal Newsအပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်း အနား၌...

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်း အနား၌ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမည်

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား၌ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်တန် ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးမည်

ဇွန် ၂၆ ရက်၌ကျရောက်မည့် ၃၅ ကြိမ်မြောက် အ ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တ ရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်း အနား၌ ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀၈ သန်းကျော်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီးရှို့ဖျက် ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားနှင့်ဖမ်းဆီးရမိမူး ယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းတို့အား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ် ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ် သည်။

“အရင်နှစ်က ရှမ်းပြည်(မြောက်ပိုင်း၊အရှေ့ပိုင်း၊တောင်ပိုင်း)နဲ့ကယားပြည်နယ်တို့က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကိုစုစည်းပြီး တောင်ကြီးမြို့မှာ မီးရှို့ဖျက်ဆီးခဲ့ရာမှာ မူးယစ်ဆေးဝါးကာ လတန်ဖိုးက မြန်မာကျပ်ငွေ ၅၆၂ ဘီလီယံကျော်၊အမေရိကန်ဒေါ်လာအနေနဲ့ဆိုရင် ၃၅၁ သန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်”ဟုပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာကျော်ထွန်းကပြောသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်တို့အတွင်းမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများအနက် သက်ဆိုင်ရာတရားရုံးအသီးသီးတွင် အမှုပြီးပျက်ထားသည့် အမှုပေါင်း ၂၁၁၈ မှုမှမူးယစ်ဆေးဝါး အမျိုးအစား ၁၈ မျိုး၊ထိန်းချုပ်ဓါတုပစ္စည်း အ မျိုးအစား ၄၀ မျိုး(စုစုပေါင်း ၅၈ မျိုး)တန်ဖိုးငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော် အမေရိကန်ဒေါ်လာအနေဖြင့် ဒေါ်လာသန်းပေါင်း ၂၇၈ ဒသမ ၅၇ သန်းကျော်အား တောင်ကြီးမြို့၌ မီးရှို့ဖျက် ဆီးသွားမည်ဟု သိရသည်။

“တစ်ချိန်တည်းမှာပါ ရန်ကုန်မြို့မှာ မူးယစ်ဆေး ဝါးအမျိုးအစား ၃၃ မျိုး အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၀၈၄ သန်း မန္တလေးမြို့မှာ မူးယစ်ဆေးဝါးအမျိုးအစား ၂၅ မျိုး အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၃၁ သန်းနဲ့ရှမ်းပြည်နယ်မှာ မူးယစ်ဆေး ဝါးအမျိုးအစား ၅၈ မျိုး အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၅၇ သန်းကျော် တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် မီးရှိုးဖျက်ဆီးမယ့် မူးယစ်ဆေးဝါး စုစုပေါင်းတန် ဖိုးက မြန်မာငွေကျပ် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော် အမေရိကန်ဒေါ်လာအနေနဲ့ဆိုရင် ၆၄၂ ဒသမ ၆၀၈ သန်းကျော်ကို မီးရှို့ဖျက် ဆီးသွားမှာပါ”ဟုပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းကပြောသည်။

ထိုသို့ မီးရှို့ဖျက်ဆီးနိုင်ခြင်းမှာ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့တစ်ဝှမ်း၌ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများ၊မူး ယစ်ဆေးဝါးပပျောက်ရေး ဘက်စုံကြိုးပမ်း ဆောင်ရွက်မှုများကြောင့်ဖြစ်သည်ဟု ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071