အမရပူရမြို့နယ်တွင် ၂၂ ဘီးတွဲကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံး ၁ ဦးဒဏ်ရာရ

0
144

အမရပူရမြို့နယ်တွင် ၂၂ ဘီးတွဲကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ အမျိုးသားသေဆုံး ၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ထုံးဘိုကျေးရွာရှိ စွယ်တော်-ထုံးဘိုသွားကားလမ်းတွင် ဇွန် ၁၉ ရက်(ယနေ့)နေ့လည်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း-အုန်းချော မှသိရသည်။

ယနေ့နေ့လညိ ၃ နာရီခွဲခန့်က ထုံးဘိုကျေးရွာရှိ စွယ်တော်-ထုံးဘိုသွားကားလမ်းတွင် ၂၂ ဘီးတွဲကားနှင့်အမျိုးသား ၁ ဦးမောင်းနှင်ကာ အမျိုးသ မီး ၁ ဦးလိုက်ပါလာသည့် ဆိုင်ကယ်တို့တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသူအမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စေတနာမွန်လူမှုကူညီရေးအသင်း- အုန်းချော ဒဏ်ရာရသူအမျိုးသမီးအား လူနာ တင်ကား၊သေဆုံးသူအမျိုးသားအား မွန်မြတ်သူ(ထုံးဘို)လူမှုကူညီရေးအသင်းကားတို့ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here