နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PNLO ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးခဲ့

0
57

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PNLO ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးခဲ့

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင် ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့တို့ ဇွန် ၁၇ ရက်က နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်တို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက ငြိမ်း ချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအား နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုး ရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ပြည်ထောင်စုဝန်ကြီး၊အ မျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင်များသည့် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီး မင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအ ဖွဲ့ချုပ်(PNLO)ဒု-ဥက္ကဋ္ဌ(၁)ခွန်ထွန်းတင်နှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ခွန်မင်းသိန်း၊ဗဟိုကော်မတီဝင် ခွန်ဇွဲထိုရ်တို့လည်း တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲ ဒုတိယနေ့အား ဇွန် ၁၈ ရက်(ယနေ့) တွင် ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here