Monday, May 26, 2025

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန်...

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊...

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊...

NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့်...

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်နှင့်ပတ်သက်၍ ဒု-ဥက္ကဋ္ဌဦးစန်ပေ့မှ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ယနေ့ မေ ၂၅ ရက်နံနက်ပိုင်းက...
HomeNewsLocal Newsလာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို...

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို အရည်အချင်းသတ်မှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူပြော

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များကို အရည်အချင်းသတ်မှတ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူပြော

လာမည့် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပညာအရည်အချင်းကို သတ်မှတ်သွားရန်ရှိပြီး ထုတ်ပြန် ကြေညာသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က ပြောကြားလိုက်သည်။

ယနေ့ ဇွန်လ (၁၆) ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် နစ က၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

”လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပါအဝင် တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်လို့ သူတို့အရည်အချင်းနဲ့စွမ်းဆောင်ရည်မြင့်မားဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အရည်အချင်း သတ်မှတ်ချက် အတည်ပြုပြီးရင် ထုတ်ပြန်ဖို့ရှိပါတယ်” ဟု ဦးခင်မောင်ဦးက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ယခင်က လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်များတွင် ပညာအရည်အချင်း ကန့်သတ်ထားခြင်း မရှိဘဲ အသက်ကန့်သတ်ချက်အနေဖြင့်သာ ရှိကြောင်း သိရသည်။

အဆိုပါ သတ်မှတ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နေရာအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၃၀ ပြည့်ပြီးသူ ဖြစ်ရမည်ဆိုသည့် အချက်များ ပါဝင်သည်။

ထို့အပြင် နိုင်ငံသားမိသားနှစ်ပါးက မွေးဖွားသူနဲ့ နိုင်ငံအတွင်းမှာ အနည်းဆုံး ဆယ်စုနှစ်ချီနေထိုင်ပြီးသူဖြစ်ရမည်ဆိုသည့် အချက်လည်း ပါရှိသည်။

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးသွားရန် ရှိသော် လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပိုင်ဆိုင်မှုများကို စစ်ဆေးသတ်မှတ်ရန် အစီအစဉ်မရှိကြောင်းလည်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိက ပြောသည်။

“လွှတ်တော်ကိုယ်စားတွေရဲ့ ပိုင်ဆိုင်မှု စီးပွားရေး ဥစ္စာ ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ်ဖို့မရှိပေမဲ့ ပါတီတစ်ခုချင်းဟာ ရှိသင့်တဲ့ဘဏ္ဍာရေးအခြေအ‌‌နေရှိဖို့ လိုတာတွေပါတယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် PR စနစ် ကျင့်သုံးသွားမည်ဖြစ်ပြီး လက်ရှိတွင် လိုအပ်သည့် များကို ပြင်ဆင်မှုများ လုပ် ဆောင်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကြောင့် လူအစုလိုက်အပြုံလိုက် ဒဏ်ရာရပါက ပြင်ဆင်ကုသနိုင်ရန် ရန်ကုန်ဆေးရုံကြီးတွင် ဇာတ်တိုက်လေ့ကျင့်

သဘာဝဘေး အန္တရာယ်ကြောင့် လူအစုလိုက်အပြုံလိုက် ထိခို-က်ဒဏ်ရာရရှိခဲ့ပါက ပြင်ဆင်ကုသနိုင်ရန် ဇာတ်တိုက်လေ့ကျင်မှုကို မေလ (၂၃) ရက် နေ့လယ်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ယင်းသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် ဆေးရုံအုပ်ချုပ်မှုအဖွဲ့ဝင်များ၊ ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုကြီး/သူနာပြုများ၊ ဓာတ်ခွဲ/ဓာတ်မှန် စသော ဆေးဘက် ကျွမ်းကျင်ဝန်ထမ်းများ၊ ရန်ကုန်သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား/သူများ၊ အငယ်တန်း ဝန်ထမ်းများ၊ လသာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လသာမြို့နယ် ရဲတပ်ဖွဲ့နှင့် လသာမြို့နယ် မီးသ-တ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၂၀၀)...

(၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အမေရိကန်၏ အခွန်စည်းကြပ်မှု၊ မြန်မာ့အရေးကိစ္စ တို့ ​ဆွေး​နွေးမည်

မလေးရှားနိုင်ငံ၌ ယ​နေ့​မေလ၂၆ရက် တနင်္လာနေ့တွင် ၄၆ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးကျင်းပ​နေပြီဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များ အထူးသဖြင့် အမေရိကန်၏ အကောက်ခွန်ကိစ္စ၊ မြန်မာပဋိပက္ခနှင့် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။ “အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်ဖြင့်ကျင်းပသည့် နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲသည် အာဆီယံနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) တို့၏ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးနှင့်လည်း တို-က်ဆိုင်နေသလို GCC နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်းကျင်းပသည့် ထိပ်သီးအစည်းအဝေးလည်းရှိ​နေပြန်သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့်...

လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများနှင့် သမိုင်းဝင်အမွေအနှစ်များကို နစက ဥက္ကဋ္ဌလိုက်လံကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၅ ရက်နံနက်ပိုင်းက လွိုင်မွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုခဲ့သည်။ နစက ဥက္ကဋ္ဌသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့် ကျိုင်းတုံ-လွိုင်မွေလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းကိုကြည့်ရှုစစ် ဆေးပြီး ကျိုင်းတုံ-လွိုင်မွေ လမ်းအဆင့်မြှင့်တင်ရာ၌ လမ်းကြောင်းရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေးစနစ်တကျတွက်ချက်ဆောင်ရွက်ရန် မှာ ကြားသည်။ ထို့ပြင် နစက ဥက္ကဋ္ဌသည် လွိုင်မွေကန်သို့သွား ရောက်ပြီး လွိုင်မွေဒေသရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုနှင့် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းတုံဒေသနှင့် လွိုင်မွေဒေသတို့တွင် ရေလုံလောက်စွာရရှိရေးဆောင်ရွက်ရန်၊ ရေဝေရေလဲဧရိယာများအတွင်းရှိ သစ်တောသစ်ပင်များအား ခုတ်ထွင်ခြင်းမပြုဘဲ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071