ရွေးကောက်ပွဲထက် လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန်သာ ဦးစားပေး စဉ်းစားစေချင်ကြောင်း ဦးကိုကိုကြီးပြော

ရွေးကောက်ပွဲထက် လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန်သာ ဦးစားပေး စဉ်းစားစေချင်ကြောင်း ဦးကိုကိုကြီးပြော
June 14, 2022 Popular Journal

ရွေးကောက်ပွဲထက် လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန်သာ ဦးစားပေး စဉ်းစားစေချင်ကြောင်း ဦးကိုကိုကြီးပြော

ရွေးကောက်ပွဲသည် ပါတီစုံဒီမိုကရေစီ စနစ်တွင် မဖြစ်မနေ ဖြတ်သွားရမည့် မှတ်တိုင်တစ်ခု ဖြစ်သော်လည်း လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန်သာ အဓိက ဦး စားပေးအနေဖြင့် စဉ်းစားသင့်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

နစက က ဦးဆောင်ကျင်းပဖို့ ရှိနေသည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီစဉ် ရှိမရှိ မေးမြန်းစဉ် ဦးကိုကိုကြီးက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ရွေးကောက်ပွဲဆိုတာကတော့ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ မဖြစ်မနေဖြတ်သွားရမယ့် မှတ်တိုင်တစ်ခုပါပဲ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲကို ဦးတည်ပြီးစဉ်းစာတာထက်ကို လက်ရှိအကြပ်အတည်းကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကိုပဲ ဦးစားပေးပြီး စဉ်းစားစေချင်တာပါ” ဟု ဦးကိုကိုကြီးက ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် မြန်မာတစ်နိုင်ငံလုံးအနေဖြင့် အထွေထွေရွေးကောက်ပွဲ တစ်ရပ် ကျင်းပသွားရန်ရှိနေပြီး အဆိုပါရွေးကောက်ပွဲကို PR စနစ်ဖြင့် ကျင့် သုံးသွားရန်လည်း နစက က ကြိုးပမ်းနေခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကလည်း ယနေ့ ဇွန်လ (၁၄) ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထား သည်။

ယင်း ထုတ်ပြန်ချက်တွင် “၂၀၂၃ ခုနှစ်၌ PR စနစ်ဖြင့်ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးအား NDF ပါတီမှ အထူးကြိုဆိုကာ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် နိုင်ငံရေး ထွက်ပေါက်တစ်ခုအဖြစ်မှတ်ယူနိုင်သည်” ဟု ဖော်ပြထားသည်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ လက်ရှိနိုင်ငံအ တွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး တင်းမာမှုများကို ပြေ လည်အောင် မဖြေရှင်းပါက နစက ကျင်းပမည့် ရွေးကောက်ပွဲသည် သတ်မှတ်ကာလအတွင်း ကျင်းပနိုင်မကျင်းပနိုင်ကို မေးခွန်းထုတ်စရာရှိကြောင်းလည်း ပြော သည်။

ထို့အပြင် ၎င်းတို့ ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရေးထက် အသွင်ကူးပြောင်းရေးကာလ သ ဘောတူညီချက် တစ်ရပ်ရရှိရေးကိုသာ ဦးစားပေး လုပ် ဆောင်နေကြောင်း ပြောသည်။

” ဒီကာလက နိုင်ငံရေး တင်းမာမှု အင်မတန်ပြင်းထန်တဲ့ အချိန်ဆိုတော့ ရွေးကောက်ပွဲဆိုတာထက် အသွင်ကူး ပြောင်းရေးကာလ သဘောတူညီချက် တစ်ရပ်ပေါ့နော်၊ အဲဒါရဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် အဲဒီ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက် ရဖို့ကိုပဲ အမြန်ဆုံးကြိုးစားဖို့ကိုပဲ အလေးအနက်ထားပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများအပြား၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိခဲ့ပေ။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*