သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာ ရင်းအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်

0
65

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ၄ မျိုးစာ ရင်းအား ကျန်းမာရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်

နစက ၏ကျန်းမာရေးဝန်ကြီးဌာန၊အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြည် တွင်း၌ရောင်းချနေသည့် အလှကုန်များအား စစ် ဆေးပြီးနောက် အလှကုန်ပစ္စည်း ၄ မျိုးသည် သုံး စွဲရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အလှကုန်ပစ္စည်း ၄ မျိုးမှာ Hunchibeauty Fashion 2 in 1 Lipstick & Lipgloss , PRIM PERFECT Herbal Toothpaste , Collagen Plus Vit E Day & Night Cream , Princess Whitening Night Cream တို့ဖြစ်သည်။

အဆိုပါ အလှကုန်ပစ္စည်း ၄ မျိုးသည် အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာ ရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တား မြစ်ဓာတုပစ္စည်းများပါဝင်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

တားမြစ်ထားသည့် ဓာတုပစ္စည်းများသည် အရေ ပြားယားယံခြင်း၊ရောင်ရမ်းခြင်း၊အဖြူအနီကွက်များဖြစ်ခြင်း၊အရေပြားမှတဆင့်ခန္ဓာကိုယ်အ တွင်းသို့ စုတ်ယူ၍ထုံကျင်ခြင်း၊ကြွက်သားတုန်ခါခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများဖြစ်ပွားနိုင်သည်ဟု အသိပေးထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှတားမြစ်ထားသည့် အလှကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချပါက ပြည်သူ့ကျန်းမာ‌ ရေးဆိုင်ရာဥပဒေပုဒ်မ-၃၊အပိုဒ်-၃(ဃ)အရ အရေး ယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here