ခေါင်းဆောင်မှု ကောင်းမှသာ တပ်ကောင်းတစ်ခု ဖြစ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

0
152

ခေါင်းဆောင်မှု ကောင်းမှသာ တပ်ကောင်းတစ်ခု ဖြစ်လာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ခေါင်းဆောင်မှု ကောင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်မှသာ တပ်ကောင်း တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇွန်လ (၁၀) ရက်နေ့က သန်လျင်တပ်နယ်နှင့် ဒလတပ် နယ်တို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးများနှင့် အရာရှိကြီးများအား ဧရာဝတီရေတပ်စခန်းဌာနချုပ်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တပ်ဌာနချုပ်တစ်ခုရဲ့ ကောင်းခြင်း၊ မကောင်းခြင်ဟာ ဒီတပ်ကို ဦးဆောင်ရတဲ့ ဦးစီးခေါင်းဆောင်တွေနဲ့ တိုက် ရိုက်သက်ဆိုင်မှုရှိပြီး ခေါင်းဆောင်မှုကောင်းစွာ ကွပ်ကဲအုပ်ချုပ်နိုင်မှသာလျင် တပ်ကောင်းတစ်ခုဖြစ်လာမယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

တပ်ဌာနချုပ်များတွင် တာဝန်ယူထားသည့် ဌာနချုပ်မှူးများအနေဖြင့် မိမိတာဝန်ယူ ဆောင်ရွက်ရသည့် တပ်များကို စနစ်တကျ ကွပ်ကဲအုပ်ချုပ်ရန်နှင့် စည်းကမ်းစနစ်တကျရှိပြီး အမိန့်နာခံမှုအားကောင်းသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း ပြောကြား ခဲ့သည်။

ထို့အပြင် တပ်ဌာနချုပ်ကို ခေါင်းဆောင်နေသူအနေဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်နှင့် လျော်ညီစွာနေထိုင်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

ရေကြောင်းသွားလာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကွပ်ကဲကြပ်မတ်ပြီး စည်းကမ်းချိုးဖောက်သည့် ရေယာဉ်များနှင့် တရားမဝင် ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကား သယ်ဆောင်နေမှုများကို တားဆီးဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်းသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here