Thursday, May 14, 2026

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင်...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...
HomeNewsLocal NewsKpay သုံးစွဲသူများကို ပစ်မှတ်ထား...

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

Kpay သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်မှုများ ပိုမိုများပြာလာ

ယခုရက်ပိုင်းအတွင်း မြန်မာပြည်တွင်းက Kpay အသုံးပြုကာ ငွေရေး ကြေးရေး သုံးစွဲသူများကို ပစ်မှတ်ထား လိမ်လည်သည့် လိမ်လည်းမှုများ ပိုမိုများပြား လာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လိမ်လည်သူများသည် သက်ကြီး ရွယ်အိုများနှင့် နည်းပညာအားနည်းသူများကို ပစ်မှတ်ထားကာ Face book, Viber အစရှိသည့် လူမှုကွန်ရက် စာမျက်နှာများမှ တဆင့်သော်လည်းကောင်း၊ ဖုန်း SMS မှသော်လည်းကောင်း ချဉ်းကပ်၍ လိမ်လည်နေကြခြင်းဖြစ်သည်။

ယင်းသို့ လိမ်လည်ခံရသူများထဲတွင် အချို့တွင် နာ မည်ကြီးသူများနှင့် အနုပညာရှင် အချို့ပါ ဝင်နေကြောင်းလည်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံး ဒုတိယ ဥက္ကဋ္ဌ သရုပ်ဆောင် ဦးဝင်းမြိုင် ယင်းကဲ့သို့ လိမ်လည်ခံရပြီး ၎င်း၏ KPay အတွင်းမှ ငွေကြေးအချို့ ဆုံးရှုံး သွားခဲ့ကြောင်း သိရသည်။

” ဒီအသက်အရွယ်တွေက IT နည်းပညာကို သိပ်ပြီးတော့ လက်လှမ်းမမီကဘူး။ များသောအားဖြင့်က၊ ရုတ်တရက်ကျတော့ သတိလွတ်တယ်။ သတိလွတ်တော့ အဲဒီ ဂဏန်း (၆) လုံးကို ပြောလိုက်မိတယ်။ ကိုယ့်ဆီမှာ K pay ရှိတယ် ၊ Wave pay ရှိတယ် ဆိုရင် သက်ဆိုရာက ကျလာတဲ့ Pin Code ကို ဘယ်သူ့ကိုမှ မပြော မိပါစေနဲ့လို အထပ်ထပ် အခါခါ ပြောချင်တယ်” ဟု ဦးဝင်းမြိုင်က သတိပေးစကား ပြော သည်။

၎င်းအနေဖြင့် Kpay အကောင့်မှ ငွေများ လိမ်လည်ခံရ‌သော်လည်း အကောင့်အတွင်း ငွေအများအပြား ထည့်သွင်းထားခြင်း မရှိသည့်အတွက် ၄၀၀၀၀ ကျပ်သာ ပါသွားကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းအသုံးပြုကာ အသုံး ပြု၍ရသည့် ငွေကြေး သုံးစွဲမှုများကို အသုံးပြုသူ သန်းနှင့်ချီ ရှိနေပြီး ယင်းအသုံးပြုသူများထဲမှ နည်းပညာ အားနည်းသူများကို အဓိက ပစ်မှတ်ထား လိမ် လည်နေကြခြင်းဖြစ်ပြီး အရေးယူနိုင်မှု အားနည်းနေကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

” မြန်မာနိုင်ငံမှာ Wave Money, Kpay, AYA Pay, CB Pay စဖြင့်ပေါ့ အဲဒါသုံးတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ အဓိက အလိမ်ခံနေရတဲ့သူတွေက နည်းပညာ မကျွမ်းကျင်တဲ့သူတွေ၊ ကျေးလက်နေ ပြည်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေက လူတွေလည်း ပါတော့ ပါတယ်။ အလိမ်ခံရတဲ့သူတွေ မှာ တချို့ဆို တော်တော် နစ်နာကြရတယ်။ ဒါပေမဲ့ အရေးယူနိုင်မှုကြတော့ တော် တော် အားနည်းတယ်။ ပါသွားရင် ဆုံးတာက များတယ်”ဟု နည်းပညာကျွမ်းကျင်သူ ကိုကျော်စွာစိုးက သုံးသပ်ပြောဆိုသည်။

အဆိုပါ လိမ်လည်မှုများမှာ ပြီးခဲ့သည့် နှစ်များအတွင်းကတည်းက ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး Wave Money သုံးစွဲသူများ အများဆုံး အလိမ်ခံခဲ့ရသော်လည်း ယခု ရက်ပိုင်းအတွင်း Kpay သုံးစွဲသူများကြား လိမ်လည်ခံရမှု ခပ်စိပ်စိပ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား FB မက်ဆင်ဂျာမှ တဆင့် KPay မှ တာဝန်ရှိသူ ယောင်ဆောင်ကာ လိမ်လည်ရန် ကြိုးပမ်းမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” မှတ်ပုံတင် နံပါတ်လာတောင်းတယ်။ မ‌ပေးရင် အကောင့်ကို တစ်လ ပိတ်မယ်တဲ့။မယုံလို့မ​ပေးလိုက်ဘူး။ အားမရသေးလို့ ဘဏ်ကို သွားပြီးမေးကြည့်တော့ သမီးတို့ဆီက ပို့တာ မဟုတ်ဘူး။ အန်တီမပေးလိုက်တာ ကံ ကောင်းတယ်လို့ ပြန်ပြောတယ်။ အဲဒီလို အလိမ်ခံနေရတာ အများကြီးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။သူမအား လိမ်လည်​တောင်းဆိုထားသည့် SS ကိုပုံတွင်ကြည့်ရူ့နိုင်ပါသည်။

အဆိုပါ လိမ်လည်မှုများ မကြုံရစေရန် သက်ဆိုင် ရာ ကုမ္ပဏီနှင့် ဘဏ်တာဝန်ရှိသူများအနေဖြင့် အ သိပညာ ဖြန့်ဝေမှုများကို ပိုမိုကျယ်ပျံ့စွာ လုပ် ဆောင်သင့်ပြီး အလွယ်တကူ တိုင်ကြားနိုင်ရန် ဆောင်ရွက်ပေးခြင်း ၊ လျှင်မြန်စွာ တာဝန်ယူဆောင်ရွက်ပေးခြင်းတို့ကို အားစိုက် လုပ်ဆောင်ပေးသင့်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပြု ပြောကြားသည်။

“အခုနောက်ပိုင်း နေ့စဉ်ရက်ဆက် ကြားလာရတာပဲ။ တာဝန်ရှိတဲ့သူတွေ ဘက်က အသိပညာပေးတဲ့ကိစ္စတွေကို ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ဖြစ်အောင် နည်းလမ်းရှာသင့်တယ်။ မသိတဲ့နားမလည်တဲ့သူတွေ မခံရအောင်ပေါ့။ ပါသွားပြီဆိုရင်လည်း ဘယ်လို ပြန်ရအောင်လုပ်မလဲ။ လိမ်တဲ့သူရဲ့ လိုကေးရှင်းကို ရှာပြီး အမြန် အကောင့်ပိတ် ပစ်တာမျိုးပေါ့ ၊ ဒါမျိုးတွေကို ဖိဖိစီးစီးပို လုပ်သင့်တယ် ” ဟု ကိုကျော်စွာစိုးက ပြောသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် ထိပ်သီးအစည်းအဝေးအတွက် မြန်မာ-ရုရှား ပူးပေါင်းဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့သည် မေ ၁၄ ရက် နံနက်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းတွေ့ဆုံမှုသည် မြန်မာ-ရုရှား...

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071