ဘက်ပေါင်းစုံမှတွေးခေါ်မြော်မြင်မှုကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌပြော

0
145

ဘက်ပေါင်းစုံမှတွေးခေါ်မြော်မြင်မှုကောင်းစွာဖြင့် ဆောင်ရွက်တတ်ခြင်းသည် ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ဟု နစက ဥက္ကဋ္ဌပြော

သန်လျင်တပ်နယ်နှင့်ဒလတပ်နယ်တို့ရှိ နယ်မြခံရေတပ်စခန်းဌာနချုပ်များမှ ဌာနချုပ်မှူးများနှင့်အရာရှိကြီးများအား ဇွန်း ၁၀ ရက်တွင် နစက ဥက္ကဋ္ဌမှတွေ့ဆုံ၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ထူးချွန်ခြင်း၊ကျွမ်းကျင်ခြင်းဟာ တာဝန်တစ်ခု၊ နယ်ပယ်တစ်ခုအတွက်ပဲဖြစ်တယ် ဘက်ပေါင်းစုံက တွေးခေါ်မြော်မြင်မှုကောင်းစွာနဲ့ ဆောင်ရွက်တတ်ခြင်းကတော့ ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ပါတယ် အဲ့လိုဖြစ်အောင် မိမိကိုယ်တိုင်လေ့လာအားထုတ်ရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် တပ်ဌာနချုပ်တစ်ခု၏ ကောင်းခြင်းမကောင်းခြင်းသည် အဆိုပါ တပ်အားဦးဆောင်ရသည့် ဦးစီးခေါင်းဆောင်များနှင့်တိုက်ရိုက်သက် ဆိုင်မှုရှိကာ ခေါင်းဆောင်မှုကောင်းစွာဖြင့် ကွပ် ကဲအုပ်ချုပ်နိုင်မှသာ တပ်ကောင်းတစ်ခုဖြစ်လာမည်ဖြစ်ပြီး မိမိ၏ခေါင်းဆောင်မှုအား မြှင့်တင်နိုင်ရေး ထိုးထွင်းတီထွင်ကြံဆလုပ်ဆောင်နိုင်မှုနှင့် ခေါင်းဆောင်ကောင်းတစ်ယောက်နှင့်လျော်ညီစွာ နေထိုင်ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတို့ လိုအပ်မည်ဟုပြောသည်။

အကျင့်စာရိတ္တကောင်းမွန်မှသာ လုပ်ဆောင်ပြုမူပြောဆိုချက်တွေလည်း ကောင်းမွန်မှာဖြစ်ပါတယ် မိမိကွပ်ကဲအုပ်ချုပ်ရသူတွေရဲ့ စိတ်နေသ ဘောထားနဲ့လုပ်ဆောင်နိုင်စွမ်းတွေ အားသာချက်၊ အားနည်းချက်တွေကို သိရှိအောင်လုပ်ရပါမယ် အဲ့လိုသိရှိနေမှသာ လူမှန်နေရာမှန်နေရာချ ထားပြီး ကွပ်ကဲအုပ်ချုပ်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ခေါင်းဆောင်များအနေဖြင့် မိမိကိုယ် တိုင် စနစ်တကျနေထိုင်သွားလာတတ်မှုနှင့်မိမိ တာဝန်ယူရသည့် တပ်ဌာနချုပ်အား ကောင်းမွန်အောင်ကွပ်ကဲအုပ်ချုပ်နိုင်ရန် ကြိုးပမ်း ဆောင် ရွက်ရမည်ဖြစ်ကာ နေ့စဉ်လုပ်ဆောင်ရမည့် တာဝန်များအား မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်နေရမည်ဟု ပြောသည်။

ထို့ပြင် မိမိကွပ်ကဲအုပ်ချုပ်ရသည့် အရာရှိ၊စစ် သည်များအား စည်းကမ်းတကျနေထိုင်ပြောဆိုတတ်စေရန် ကြပ်မတ်ဆောင်ရွက်ခြင်းသည် လေ့ ကျင့်ပေးနေခြင်းပင်ဖြစ်၍ ထိုသို့ လုပ်ဆောင်စေခြင်းဖြင့် စစ်သည်တစ်ဦးချင်းမှသည် တပ်တစ်တပ်ချင်းအလိုက် ၎င်းမှတစ်ဆင့် စည်းကမ်းစနစ် တကျရှိသည့် တပ်မတော်အား တည်ဆောက်ရမည်ဟုပြောသည်။

“ဦးစီးခေါင်းဆောင်တွေအနေနဲ့ ဘက်ပေါင်းစုံက စဉ်းစားတွေးခေါ် ပြီး ကွပ်ကဲအုပ်ချုပ်ကြဖို့လိုအပ်မှာဖြစ်ပါတယ် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှုတွေနဲ့ စည်းကမ်းစနစ်တကျရှိနေရမှာဖြစ်သလို လုပ်ငန်းစဉ်တွေအားလုံးကို အဆင့်အလိုက် မှန်မှန်ကန်ကန် ဖြစ်နေရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ မိမိတို့တာဝန်ယူဆောင်ရွက်နေရသည့် တပ်များအား စနစ်တကျဖြင့် ကွပ်ကဲအုပ်ချုပ်နိုင်ရန်နှင့်တပ်တစ်တပ်ချင်းမှအစပြု၍ စည်းကမ်းစနစ်တကျရှိပြီး အမိန့်နာခံမှုအားကောင်းသည့် တပ်မတော်ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here