စစ်ကိုင်းမြို့နယ်၌ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရ

0
291

စစ်ကိုင်းမြို့နယ်၌ ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦးဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊လင်းယဥ်ကျေး ရွာတွင် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ၁ ဦး ဇွန် ၃ ရက်မွန်းလွဲပိုင်းက ဓားဖြင့်ထိုးခုတ်သတ် ဖြတ်ခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့မွန်းလွဲ ၃ နာရီ ၅ မိနစ်က လင်းယဥ်ကျေး ရွာနေ ကျန်းမာရေဌာနမှ သားဖွားဆရာမဒေါ်နွယ်နွယ်စိုး(၄၇)နှစ်သည် နေအိမ်၌တစ်ဦးတည်းရှိနေစဥ် လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်မှ Light Truck (အဖြူရောင်)ကားဖြင့် ရောက်ရှိလာကာ နေအိမ်အားဖျက်ဆီးပြီး ဒေါ်နွယ်နွယ်စိုးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လင်း ယဉ်ကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်အကွာရှိ လင်း ယဉ်−ပဒူသွားကားလမ်းဘေးအနီးတွင် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့ကြသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဒေါ်နွယ်နွယ်စိုးမှာ လည်ပင်းပြတ်ရှ၊ ညာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here