နည်းစဉ်ပြောင်းလဲ၍ပြည်တွင်းဘိလပ်မြေထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်းလုပ်ဆောင်မည်

0
181

နည်းစဉ်ပြောင်းလဲ၍ပြည်တွင်းဘိလပ်မြေထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်းလုပ်ဆောင်မည်

အစိုနည်းစဉ်မှ အခြောက် နည်းစဉ်ပြောင်းလဲ၍ ဘိလပ်မြေများ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။

ပြည်တွင်းတွင် ဘိလပ်မြေများထုတ်လုပ်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိအမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)အား (၁၉၃၅)ခုနှစ်တွင် စတင်တည်ဆောက်၍ မီးသင်းဖို (၃) လိုင်းဖြင့် တစ်နေ့လျှင် တန် (၁၁၀၀) ထုတ်လုပ်ခဲ့သည်။ ထုတ်လုပ်မှုနည်းစဉ် အနေဖြင့် ထုံးနှစ်ရည် နည်းစဉ် (Wet Process)ဖြင့် ဘိလပ်မြေများကို ထုတ်လုပ်ပြီးအစိုနည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန်ထုတ်လုပ်လျှင် လျှပ်စစ်ဓာတ်အား (၁၂၃ ဒသမ ၈၇)ယူနစ်ခန့် သုံးစွဲရကြောင်းသိရသည်။

အခြောက် နည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန် ထုတ်လုပ်လျှင် ယူနစ်(၉၀)ခန့်သာ သုံးစွဲရကြောင်းလည်းသိရသည်။ ထို့ကြောင့် စက်ရုံအနေဖြင့် အစိုနည်းစဉ်ဖြင့် ဘိလပ်မြေများ ထုတ်လုပ်လျှင် ထုတ်လုပ်မှုစရိတ် မြင့်မားသောကြောင့် စီးပွားရေးတွက်ခြေကိုက်မှုမရှိသဖြင့် ထုတ်လုပ်မှု နည်းစဉ်ပြောင်းလဲ၍ ဘိလပ်မြေများ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုအခါ စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် စိတ်ဝင်စားမည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ဆောင်ရွက်ရန်၊ အမှတ် (၃၁) အကြီးစား စက်ရုံ(သရက်)အားရေရှည်ရပ်တည် လည်ပတ်နိုင်ရေးအတွက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇွန်လ ၃ ရက်က ယင်းစက်ရုံဝန်ထမ်းများနှင့်တွေ့ဆုံစဉ်ပြောဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here