ရန်ကုန်-ပဲခူး ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားမည်

0
128

ရန်ကုန်-ပဲခူး ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားမည်

ပြီးခဲ့သည့် ၅လ လောက်ကစပြီး ပြေးဆွဲလျှက်ရှိသည့် ရန်ကုန်-ပဲခူး ယာဉ်လိုင်း Yangon- Bago Smart City Bus Line By Daewoo Busအား လာမည့် ဇွန်လ ၁၀ရက်ကစပြီး ခေတ္တရပ်နားမည်ဟု အဆိုပါ ယာဉ်လိုင်းက ယနေ့တွင် အသိပေးသည်။

“(၅)လလုံးမှာ ပြည်သူများအဆင်ပြေစေရေးအတွက်အရှုံးခံပြေးဆွဲခဲ့သော်လည်း ယခုအခါမှာ စက်သုံးဆီဆေး ထပ်မံမြင့်တက်လာမှုကြောင့်ယာဉ်လိုင်းပြေးဆွဲမှု ခေတ္တ ရပ်နားပါမည် ”ဟု ယာဉ်လိုင်းက လူမှုကွန်ရက်စာမျက်နှာထက်မှနေ၍ အသိပေးထားသည်ကို တွေ့ရသည်။

ဇွန်လ ၉ ရက်နေ့အထိ ယခင် ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးမည်ဟုလည်းသိရသည်။

ရန်ကုန်- ပဲခူး(ကလိ) အထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀နှုန်းဖြင့် အဆိုပါယာဉ်လိုင်းကပြေးဆွဲပေးနေခြင်းဖြစ်သည်။

ရန်ကုန်ဂိတ်မှတာဝန်ရှိသူတစ်ဦးက “ပေချ့်မှာ ကြေညာထားတဲ့အတိုင်းပါပဲ။မရပ်ဖို့တော့ ကြိုးစားနေပါတယ်။ပြန်ထွက်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။။ အဓိကကတော့ ဆီဈေးရယ်။စီးနင်းတဲ့သူ နည်းလို့ပါ။ ဆီက အသွားအပြန်တစ်ကြောင်းကို ၁သိန်းခွဲအထိ ထည့်ရတယ်။စီးတဲ့သူက ၁၅ယောက်၊၂၀လောက်ပဲဆိုတော့ ရှုံးတာပေါ့”ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here