ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုထောင်တစ်ခုအတွင်း ရပ်ထားသည့် ကုန်တင်ကားပေါ်မှ ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

0
103

ပြည်ကြီးတံခွန်မြို့နယ်ရှိ ဂိုထောင်တစ်ခုအတွင်း ရပ်ထားသည့် ကုန်တင်ကားပေါ်မှ ငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ စျ ရပ်ကွက်၊၁၃၉ လမ်း၊ ၅၂ လမ်းနှင့် ၅၃ လမ်းကြားရှိ ဂိုထောင်အတွင်း ရပ်ထားသည့်ကုန်တင်ကားပေါ်မှ မေ ၃၀ ရက်နေ့လည် ၁ နာရီခွဲက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှသတင်းအရဝင်ရောက်ရှာဖွေရာ ဟိန်းဝင်းစိုးနှင့်တာရိုစေး တို့ ၂ ဦးအား HINO ၁၂ ဘီးကား၊ NISSAN VAN ကားတို့နှင့်အတူတွေ့ရှိခဲ့ရသည်။

ထို့နောက် HINO ၁၂ ဘီးကားအားရှာဖွေစစ်ဆေးရာ ကားပေါ်မှငွေကျပ်သိန်း ၇၅၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၉ ဒသမ ၉ ကီလို)နှင့်စိတ်ကြွဆေးပြား (၃ ဒသမ ၃၆ သိန်းပြား)အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ်မှမန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရ အရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here