Wednesday, May 28, 2025

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...
HomeNewsLocal Newsနစက နှင့် KNU/KNLA-PC...

နစက နှင့် KNU/KNLA-PC တို့ငြိမ်းချမ်းရေးဆွေး နွေးပွဲ ၃ ရက်တာရလဒ်များအရ သဘောတူစာ ချုပ်လက်မှတ်ရေးထိုး

နစက နှင့် KNU/KNLA-PC တို့ငြိမ်းချမ်းရေးဆွေး နွေးပွဲ ၃ ရက်တာရလဒ်များအရ သဘောတူစာ ချုပ်လက်မှတ်ရေးထိုး

နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ဥက္ကဋ္ဌစောထော့လေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ မေ ၂၈ ရက်က တွေ့ ဆုံဆွေးနွေးပြီးနောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါသဘောတူညီချက်များ၊အစိတ်အပိုင်း(၃)မှ ဆက်လက် ဆွေး နွေးရန်ကျန်ရှိသည့် ဇယား-၂ ပါ ဆွေးနွေးရန်အ ချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ လေ့လာဆန်းစစ်ဖော်ထုတ်စီစစ်ရေးအဖွဲ့၏တွေ့ရှိချက်များအား ညှိနှိုင်းရေးကော် မတီဝင် ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်ကရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အလားတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှလည်းသိရှိလိုသည်များအား မေးမြန်းဆွေး နွေးပြီးနောက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအထွေထွေကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်များအား နစက ၏ငြိမ်း ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် KNU/KNLA-PC တို့မှ အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် နစက ၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်နှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌစောထော့လေးတို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊ နစက အဖွဲ့ဝင်ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အ တွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင် တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ KNU/KNLA-PC ငြိမ်းချမ်းရေးကောင် စီမှဥက္ကဋ္ဌစောတော့လေးနှင့်အတူ ဒု-ဥက္ကဋ္ဌဒေါက် တာနော်ကပေါ်ထူး၊ဗဟိုကော်မတီဝင်စောမောင်မောင်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရန်အာဆီယံ တိုက်တွန်း

တိုက်ပွဲများကို အဆုံးသတ်ရေး အတွက် ကနဦးခြေလှမ်းအဖြစ် မြန်မာတွင် အပစ်အခတ်ရပ်စဲရေး ကို ဆက်လက် သက်တမ်းတိုးရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ရေးကို တိုးချဲ့ရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုခဲ့သည်။ သဘောတူညီချက် ငါးရပ်နှင့်အညီ အားလုံးပါဝင်သော နိုင်ငံအဆင့် ဆွေးနွေးပွဲကို ကျင်းပရန် မျှော်မှန်း၍ အပစ်ရပ်ရေးကို ဆောင်ရွက်သင့်သည်ဟု ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ပြောဆိုထားသည်။ ထို့အပြင် အရပ်သားများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ရပ်တန့်ကြရန်လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ၎င်းတို့က တိုက်တွန်းထားသည်။ အရပ်ဖက်၊စစ်ဖက် ပစ်မှတ်မခွဲခြားဘဲ တိုက်ခိုက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်၊ ပဋိပက္ခအရှိန်မြှင့်ခြင်းများကို ရှုတ်ချရန်၊ အတတ်နိုင်ဆုံး...

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071