မြန်မာ -ထိုင်း ချစ်ကြည်ရေး ၊အမှတ် (၁) တံတား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆွေးနွေး

0
24

မြန်မာ -ထိုင်း ချစ်ကြည်ရေး ၊အမှတ် (၁) တံတား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ဆွေးနွေး

မြန်မာ -ထိုင်း ချစ်ကြည်ရေး ၊အမှတ် (၁) တံတား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး အတွက် နှစ်ဖက် တာဝန်ရှိသူများ ယနေ့မေလ၂၄ရက်တွင်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်ဟု ရှမ်းအရှေ့သတင်း၏ဖော်ပြချက်အရသိရသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း အဆိုပါတံတားတို့အား ထိုင်းဘက်ကယာယီပိတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ဆွေးနွေးမှုကို ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ၊မယ်ဆိုင်မြို့ ၊အမှတ် (၂)တံတား ရှိ custom အစည်းအဝေးခမ်းမ၌ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာ ထိုင်းနယ်စပ်၊ကုန်စည်းကူးသန်းရာ အမှတ် (၁)ချစ်ကြည်ရေး တံတား အပါအဝင် အမှတ် (၂) တံတား၊ နယ်စပ်ဂိတ်များ အမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူး ၊အခြေချ ဗျူဟာမှူး အပါအဝင် ကဏ္ဍအလိုက် တာဝန်ရှိသူများနှင့် ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် တာဝန်ရှိသူများတက်ရောက်ကြသည်ဟြသိရသည်။

ဓါတ်ပုံ-ရှမ်းအရှေ့သတင်းအေဂျင်စီ


LEAVE A REPLY

Please enter your comment!
Please enter your name here