SNLDအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပပြုလုပ်သွားမည်

0
106

SNLDအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပပြုလုပ်သွားမည်

၂၀၂၂ ခုနှစ်၊ မေလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ၃ ကိုးကန့်လူမှုရေးခန်းမတွင် ကျင်းပပြုလုပ် သွားမည်ဟု ပါတီကကြေညာသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဖွဲ့စည်းပုံစည်းမျဉ်းအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးအရလည်းကောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာညီလာခံကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုလည်းပါတီဘက်ကကြေညာသည်။

မေလ ၂၆ ရက်နေ့ နံနက် ၈း၃၀ နာရီမှ ၁၁း၀၀ နာရီအထိ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်မည်ဟုပါ ပါတီဘက်ကအသိပေးထားသည်ကိုတွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here