တေလာဆွစ်ဖ်အား နယူးယောက်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့​ပေးအပ်

0
110

တေလာဆွစ်ဖ်အား နယူးယောက်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့​ပေးအပ်

​နယူးယောက်၊ မေ ၁၈

နယူးယောက်တက္ကသိုလ်ကနေ တေလာဆွစ်ဖ်အား ဂုဏ်ထူးဆောင်အနုပညာပါရဂူဘွဲ့ကို ယန်ကီးအားကစားရုံတွင် ဗုဒ္ဓဟူးနေ့ ကပေးအပ်ခဲ့ပါတယ်။

သူမရဲ့ထုံးစံအတိုင်းအနီရဲရဲနှုတ်ခမ်းနီ ဆိုးကာ ဂုဏ်ထူးဆောင် ၀တ်စုံကိုဝတ်ဆင်ထားတဲ့ဆွစ်ဖ်က “ကျွန်မ ကောလိပ်အတွေ့အကြုံကို ဘယ်တုန်းကမှ မရခဲ့ဖူးပါဘူး။ ၁၀ တန်းအထိ အစိုးရအထက်တန်းကျောင်းကိုတက်ပြီး လေဆိပ်မှာအလုပ်လုပ်ရင်းနဲ့ပဲ ပညာရေးကို ပြီးသွားခဲ့ပါတယ်” လို့ အဖွင့်စကားမှာ ပြောကြားခဲ့ပါတယ်။

ဆွစ်ဖ်ကို ၁၉၈၉ ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ ၁၅ နှစ်အရွယ်ကတည်းက ဂီတလောကကို အခြေချခဲ့ရာမှယခုဆို​အောင်မြင်​သော အဆို​တော်၊​တေး​ရေး၊ထုတ်​ဝေသူ၊ဒါရိုက်တာတ​ယောက်ဖြစ်​နေပါပြီ။

၂၀၂၁ ဂရမ်မီမှာ မှာလည်း “folklore” အယ်လ်ဘမ် အတွက် တစ်နှစ်တာအကောင်းဆုံးအယ်လ်ဘမ်ဆုကို ရရှိခဲ့ပါတယ်။

အဲဒီအပြင် ဂရမ်မီဆု ၁၁ ဆု၊အမ်မီ ဆု၊ အမေရိကန် တေးဂီတ ဆု ၃၄ ဆု (အနုပညာရှင်အတွက် အများဆုံးဆု)၊ ဘေးလ်ဘုတ် တေးဂီတဆု(အမျိုးသမီးအတွက် အများဆုံး) နှင့် ဂင်းနစ်ကမ္ဘာ့စံချိန် ၅၈ ခု ရရှိထားပါတယ်။

ဆွဇ်စ် ဟာ သူ့ရဲ့ အသက်မွေးဝမ်းကျောင်း၊ ပရဟိတလုပ်ငန်းများနဲ့ ဂီတနယ်ပယ်​တွေမှာ အနုပညာရှင် အခွင့်အရေးနဲ့ အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်တွေကို အားပေးကူညီမှုကြောင့် ပေါ့ပ်အိုင်ကွန်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ဆွဇ်စ် က ၂၀၂၂​​ကျောင်းဆင်းတွေကို “ဘဝမှာ အမှား​တွေလုပ်မိတတ်ပါတယ်၊ အခက်ခဲတွေကြုံလာရင်လည်း ပြန်နလန်ထူအောင်လုပ်မယ်၊ အဲဒါ​တွေကနေ သင်ယူမယ်၊ အဲဒီလိုနဲ့ ပိုခံနိုင်ရည်ရှိလာမယ်၊ အသက်ရှုလို့ရသရွေ့ကတော့ အသက်ကို ပြင်းပြင်းရှူသွင်းပြီး ပြင်းပြင်း ရှူထုတ်မယ်” လို့အား​ပေးခဲ့ပါတယ်။

သူမမျှ​ဝေခဲ့တာ​တွေက အနာဂတ်အတွက်ဘယ်အရာ​တွေ လွတ်ချပြီး ဘယ်အရာ​တွေဆုပ်ကိုင်မလဲ ​သေချာနားလည်ပါ၊ကိုယ့်ဘဝရဲ့အ​ခြေ​နေအချိန်ခါ​ပေါ်မူတည်ပြီး ပါးနပ်စွာလုပ်​ဆောင်ပါ လို့လည်း ထည့်သွင်း​ပြောကြားသွားခဲ့ပါတယ်။

Source: AP News


LEAVE A REPLY

Please enter your comment!
Please enter your name here