မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုရယူပေးခဲ့သည့် ဘိလိယက်အားကစားသမားဦးပေါက်စအား အမေရိကန်ဒေါ်လာ ၃၀၀၀ ထပ်ဆောင်းချီးမြှင့်

0
144

မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆပ်ဆုရယူပေးခဲ့သည့် ဘိလိယက်အားကစားသမားဦးပေါက်စအား အမေရိကန်ဒေါ်လာ ၃၀၀၀ ထပ်ဆောင်းချီးမြှင့်

၃၁ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြန်မာနိုင်ငံအတွက် ၅ ခုမြောက်ရွှေတံဆိပ်ဆုအား မေ ၁၇ ရက်က ဘိလိ ယက်အားကစားနည်းမှရယူပေးခဲ့သည့် ဦးပေါက်အား နစက ဥက္ကဋ္ဌမှ အမေရိကန်ဒေါ်လာ ၃၀၀၀ ထပ်ဆောင်းချီးမြှင့်ခဲ့သည်။

နစက ဥက္ကဋ္ဌမှထပ်ဆောင်းချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၃၀၀၀ ထောင်အား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံက နစက ဥက္ကဋ္ဌကိုယ်စားချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဘိလိယက်အားကစားသမားဦးပေါက်စသည် အ င်္ဂလိပ်ဘိလိယက်အားကစားပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲ၌ ရွှေတံဆပ်ဆု ၆ ကြိမ်ရရှိထားသည့် နာမည်ကြီးစင်ကာပူဘိလိယက်အားကစားသမား Peter Gilchrist အား ၃ ပွဲ ၁ ပွဲ ရလဒ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here