၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

0
29

၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

အချိန်စေ့ချေးငွေများဖြစ်သော ၂၀၂၀ မိုးချေးငွေနှင့် ၂၀၂၁ မိုးချေးငွေ အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ မိုးချေးငွေများအား ၂၀၂၂ ခုနှစ်၊ မေလ တတိယပတ်ဖြစ်သော မေ၁၆ရက်မှစပြီး သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ် ဘဏ်ခွဲ များတွင် စတင်ထုတ်ချေးပေးနေပြီဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လုပ်ကွက်ငယ်တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် အရင်းအနှီးများရရှိစေရေးအတွက် စိုက်ပျိုး စရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှပြီး တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်လျှက်ရှိနေကြသည်။

၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေးနေရာတွင် ယခင်ချေးငွေများအား ပြေကျေစွာ ပေးဆပ် လာသူ တောင်သူများကိုလည်း ၂၀၂၂ မိုးရာသီချေးငွေသစ်များကို ဆက်လက်ထုတ်ချေး ပေးသွားရန်လည်း ရှိနေသည်ဟုသိရသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရေးချေးငွေကို မေ ၁၆ ရက်မှ စတင်၍ ထုတ်ချေးပေးလျက် ရှိရာတွင် မေလ ၁၆ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း တောင်သူ ၄၇၁ ဦးအား ချေးငွေ ၅၀၃၇ သိန်း ထုတ်ချေး ပေးခဲ့ကြောင်းသိရသည်။

တစ်ဖက်တွင်လည်း ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် တောင်သူဦးကြီးများသို့ ထုတ်ချေးပေးထားသည့် ကိုဗစ်အထူးချေးငွေကို တောင်သူများ စိုက်ပျိုးရေးတွင် အရင်းအနှီးတစ်ရပ်အဖြစ် ဆက်လက်သုံးစွဲပြီး ဝင်ငွေ တိုးတက်ရှာဖွေနိုင်ရေးအတွက် ချေးငွေပြန်လည် ပေးဆပ်ရန်ကာလကို (၃၁ -၃ -၂၀၂၂) ရက် အစား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်အထိ တတိယအကြိမ် ပြင်ဆင်တိုးမြှင့်ပေးထားကြောင်းလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here