လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၂၀၀ နီးပါးခန့် တာချီလိတ်မြို့ ဝန်ပုံဆိပ်ကမ်းသို့ရောက်ရှိလာ

0
79

လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၂၀၀ နီးပါးခန့် တာချီလိတ်မြို့ ဝန်ပုံဆိပ်ကမ်းသို့ရောက်ရှိလာ

ရှမ်းပြည်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊မိုင်းဖုန်း (က)ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများ မေ ၁၂ ရက်(ယနေ့)နံနက် ၁၁ နာရီခန့်က ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်မြန်မာနိုင်ငံသား အမျိုးသား ၁၀၀ ဦး၊အမျိုးသမီး ၈၂ ဦး(စုစုပေါင်း ၁၈၂ ဦး)စက်လှေများဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများအား ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှဦးစီးမှူးနှင့်တာ ဝန်ရှိသူများက စောင့်ကြိုလက်ခံခဲ့ကြပြီး ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရခြင်းရှိ၊မရှိအား ကျန်းမာရေးဝန်ထမ်းများမှ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများအား “စံလင်းဖြိုး Quarantine Centre”၌ ကန့်သတ်စောင့်ကြည့်ခြင်း ၇ ရက်ပြုလုပ်သွားမည်ဖြစ်ကာ ကျန်း မာရေးစစ်ဆေးမှု ၂ ကြိမ်ပြုလုပ်ပြီးပါက နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

၎င်းတို့အား ကန့်သတ်စောင့်ကြည့်ခြင်း ၇ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းများ၊ခရိုင်တာဝန်ရှိသူများ၊မြို့နယ်တာဝန်ရှိသူများ၊လူမှုကူညီရေးအ သင်းများနှင့်ကြက်ခြေနီအသင်းဝင်များမှ လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here