ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၃၉ ကြိမ်မြောက် ကဆုန်းညောင်ရေသွန်းပွဲကျင်းပမည်

0
111

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၃၉ ကြိမ်မြောက် ကဆုန်းညောင်ရေသွန်းပွဲကျင်းပမည်

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၃၉ ကြိမ်မြောက် မဟာဗောဓိ ကဆုန်ညောင်ရေ သွန်းပူဇော်ပွဲအား မေ ၁၄ ရက်နေ့၌ကျင်းပသွားမည်ဟု ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှ သိရသည်။

မဟာဗောဓိ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအား ယင်းနေ့နံနက် ၇ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တော်၏ အင်္ဂါထောင့် မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော်ဩဝါဒါစရိယဆ ရာတော်ကြီးများ၊ဂေါပကအဖွဲ့ဝင်များဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါနေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြှော်သူများ ရင်ပြင်တော်ထောင့်လေး ထောင့်ရှိ မဟာဗောဓိညောင်ပင်များ၌ လွယ်ကူစွာညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်စီစဥ်ဆောင် ရွက်ထားမည်ဖြစ်သည်။

ထိုသို့ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန် ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့်ဝန်ထမ်းများမှ ကုသိုလ်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here