ICRC က မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအတွက် အသေးစားစီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရန် ကူညီမည်။

0
117

ICRC က မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအတွက် အသေးစားစီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရန် ကူညီမည်။

မြန်မာနိုင်ငံ ဒေသအသီးသီးရှိ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ICRC) က အသေးစားစီးပွားရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ကူညီ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ပေးခြင်း၏ ရည်ရွှယ်ချက်သည် ကိုယ်ကာယမသန်စွမ်းသူတွေအနေဖြင့် ဂုဏ်သိက္ခာရှိစွာနေထိုင်နိုင်ပြီး လူ့အဖွဲ့အစည်းအတွင်းအပြည့်အဝ ပြန်လည်ပါဝင်နိုင်စေရေးအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းဆိုသည်။

ထို့ကြောင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများတင်သာမက အခြားပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ မတော်တဆဖြစ်စဉ်များ၊ ဆေးပညာရှုထောင့်အရ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများ၊ သွားလာလှုပ်ရှားရန်အထောက်အကူလိုအပ်သူများအတွက် ခြေတုလက်တုများ၊ ဘီးတပ်ကုလားထိုင်နှင့် ကိုယ်ကာယပြန်လည်သန်စွမ်းရေးကုထုံးများကိုလည်း ကူညီပံ့ပိုးပေးလျက်ရှိကြောင်း အသိပေးထားသည်။
ထို့အပြင် ၎င်းတို့အား အသေးစားစီးပွားရေးလုပ်ငန်းများစတင်နိုင်ရန်ကူညီပေးခြင်းအပါအဝင် အသက်မွေးဝမ်းကြောင်းသင်တန်းများပို့ချပေးခြင်း၊ အားကစားနည်းများတွင်ပါဝင်နိုင်ရန် အားပေးကူညီခြင်းဖြင့် မသန်စွမ်းသူတွေ လူ့အဖွဲ့အစည်းအတွင်းမှာ ပါဝင်မှုရှိစေဖို့အတွက်လည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ICRC ဆက်သွယ်နိုင်ရန် ကိုယ်ကာယပြန်လည်သန်စွမ်းရေးဋ္ဌာနများ ဖွင့်လှစ်ထားရှိပြီး၊ ကရင်ပြည်နယ် ဘားအံမြို့ရှိ ခြေတုလက်ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဋ္ဌာန၊ ရန်ကုန်၊ မရမ်းကုန်မြို့နယ်ရှိ အမျိုးသားပြန်လည်သန်စွ်းရေးဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေရှိ ခြေတုလက်တု ပြန်လည် သန်းစွမ်းရေး အလုပ်ရုံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဋ္ဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကိုယ်ကာယ ပြန်လည်သန်းစွမ်းရေးဋ္ဌာနများသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – ICRC


LEAVE A REPLY

Please enter your comment!
Please enter your name here