NLD ပါတီ၏ အမည်ဖြင့် နိုင်ငံ တကာအဖွဲ့အစည်းများ၊သံရုံးများနှင့်ချိတ်ဆက်ဆောင်ရွက်မှုများရှိပါက ပါတီနှင့်သက်ဆိုင်ခြင်းမရှိဟုထုတ်ပြန်အသိပေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗ ဟိုအလုပ်ကော်မတီမှ မေ ၁ ရက်တွင် အသိပေးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ဧပြီ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီနှင့်ဗဟိုကော်မတီဝင်များ၊ဗဟိုရေးရာကော်မတီဝင်များ၊ပြည်နယ်နှင့်တိုင်းတာဝန်ခံများ၏ အစည်းအဝေးဆုံးဖြတ် ချက်အရ အသိပေးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NLD ပါတီ၏ အသိပေးထုတ်ပြန်ကြေညာချက်တွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ အပါ အဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအားလုံး လွတ်လပ်စွာ စုံညီအစည်းအဝေးကျင်းပနိုင်ခြင်းမရှိသည့်ကာလအတွင်း မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ကိုမျှ နစက(သို့)၎င်းမှဖွဲ့စည်းပေးထားသည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံခြင်း၊ဆွေးနွေးခြင်း၊ညှိ နှိုင်းဆောင်ရွက်ခြင်းတို့အား NLD ပါတီကိုယ်စားပြု ဆောင်ရွက်ရန်တာဝန်ပေးအပ်ထားခြင်းမရှိဟု ထုတ်ပြန်အသိပေးရေးသားထားသည်။
ထို့ကြောင့် နစက ၏ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းနေမှုအား အကြောင်းပြု၍ နိုင်ငံတကာအဖွဲ့အစည်းများ၊သံရုံးများနှင့်ဆက်သွယ်ရန် NLD ပါတီဖြင့် ချိတ် ဆက်ဆောင်ရွက်နေမှုများရှိပါက မိမိတို့ NLD ပါ တီနှင့်မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း အသိ ပေးထုတ်ပြန်ကြေညာခဲ့သည်။