မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် စတင်အသက်ဝင်၊ရရှိလာမည့် အကျိုးကျေးဇူးအား အပြည့်အ၀ အသုံးချနိုင်ရန် လိုအပ်

0
221

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် စတင်အသက်ဝင်၊ရရှိလာမည့် အကျိုးကျေးဇူးအား အပြည့်အ၀ အသုံးချနိုင်ရန် လိုအပ်

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(Regional Comprehensive Economic Partnership Agreement- RCEP)သည် ယင်းသဘောတူစာချုပ်၏ အပိုဒ် (၂၀.၆) စာချုပ် အသက်ဝင်ခြင်းအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြားတွင် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင် အသက်ဝင်ပြီဖြစ်ကြောင်း နစက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကကြေညာသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် စတင်အသက်ဝင်ပြီဖြစ်၍ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများအနေဖြင့် အဆိုပါစာချုပ်ကပေးအပ်သည့် အကောက်ခွန် အထူးအခွင့်အရေးတို့ကို အသုံးပြု၍ အကျိုးကျေးဇူးများ ခံစားရရှိနိုင်မည်ဟု နစက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင် ရွက်မှုသဘောတူစာချုပ် (Regional Comprehensive Economic Partnership – RCEP) ကို ၂၀၁၂ ခုနှစ်မှ စတင်၍ ၈ နှစ်ကြာ ညှိနှိုင်းခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ RCEP သဘောတူစာချုပ်သည် ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင် နှုန်း၊ ကမ္ဘာ့စီးပွားရေး၏ ၃၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ ကုန်သွယ်မှု၏ ၂၉ ရာခိုင်နှုန်းနှင့် ကမ္ဘာ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတိုက်ရိုက်စီးဝင်ခြင်း၏ ၃၀ ရာခိုင် နှုန်းကို လွှမ်းခြုံထားသည့် ကမ္ဘာ့အကြီးမားဆုံး စည်းမျဉ်းအခြေခံ နိုင်ငံစုံကုန်သွယ်မှု သဘောတူ စာချုပ်တစ်ခု ဖြစ်သည်ဟုသိရသည်။ ယင်းသဘောတူစာချုပ်
သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ၂ ခုနှစ် မေလ၁ရက်နေ့တွင်စတင်အသက်ဝင်ခြင်းဖြင့်စာချုပ်ပါ အခွင့်အလမ်းများကိုရယူခံစားနိုင်တော့မည်ဟု ဖော်ပြချက်များအရသိရသည်။

RCEP သဘောတူစာချုပ်တွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်၌ မပါဝင်ခဲ့သည့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်း သည့် တင်ပို့မည့်ကုန်ပစ္စည်းအမျိုးအစား၊ ကောက်ခံမည့်အကောက်ခွန်တန်ဖိုး နှင့် မြန်မာနိုင်ငံမှ ထွက်ရှိ/ထုတ်လုပ်သည့်ကုန်ပစ္စည်းတို့ကို ကြိုတင် သတ်မှတ်ခြင်း၊ ကုန်ပစ္စည်းရောက်ရှိသည့်အချိန်မှစ၍ ၄၈ နာရီအတွင်း အကောက်ခွန်ရှင်းလင်းရေးကို ပြီးစီးအောင်ဆောင်ရွက်ခြင်း စသည့်အချက် များ ထည့်သွင်းထားသည်။ သို့ပါ၍ RCEP သဘောတူစာချုပ်အရ တရုတ် နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းများကို လျင်မြန်စွာထုတ်ယူနိုင်သည့် အကျိုး ကျေးဇူးရရှိမည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ သို့ ယခုအချိန်မှစ၍ ကုန်ပစ္စည်းအမယ် ၅၉၆၉ မျိုး
ကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်သည်ဟုသိရသည်။

၎င်းတို့မှာတိရစ္ဆာန်ထွက်ကုန်ပစ္စည်း ၃၆၈ မျိုး၊ စိုက်ပျိုးရေး ထွက်ကုန်ပစ္စည်း ၃၈၉ မျိုး၊ဆီထွက်ကုန်ပစ္စည်း ၁၀ မျိုး၊ အစားအစာနှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၁၆၃မျိုး၊ တွင်းထွက်ကုန်ပစ္စည်း ၁၈၁ မျိုး၊ ဓာတု | ထွက်ကုန်နှင့် လုပ်ငန်းသုံးကုန်ပစ္စည်း ၁၁၂၇ မျိုး၊ ပလတ်စတစ်ပစ္စည်း ၁၂၅ မျိုး၊ သားရေထည်ပစ္စည်း ၆၇ မျိုး၊ သစ်တောထွက်ပစ္စည်း ၂၃၄ မျိုး၊ အထည် အလိပ်နှင့်စပ်လျဉ်းသည့် ကုန်ပစ္စည်း ၉၀၃ မျိုး၊ ဖိနပ်၊ ထီးအပါဝင်ပစ္စည်းမျိုးစုံ ၂၉ မျိုး၊ ဘိလပ်မြေ
နှင့် ဘိလပ်မြေထွက်ပစ္စည်းများ၊ မှန်နှင့်မှန်ပစ္စည်း ( ၁၄၆ မျိုး၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်ပစ္စည်း
၆၂ မျိုး၊ သတ္တုနှင့် သတ္တုအခြေခံပစ္စည်း ၅၅၄ မျိုး၊ စက်နှင့် စက်ပစ္စည်းအစိတ်အပိုင်း ၁၀၅၈ မျိုး၊ မော်တော်ကား၊ လေယာဉ်၊ သင်္ဘောနှင့် သယ်ယူ ပို့ဆောင်ရေးအစိတ်အပိုင်းများ ၂၄ မျိုး၊
ဆေးပစ္စည်း၊ ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းနှင့် တူရိယာ ပစ္စည်း ၂၄၀ စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။ ကျန်ကုန်စည် များကိုလည်း နှစ်အလိုက် ပေးဆောင်ရမည့် အကောက်ခွန်လျှော့ချသည့် အခွင့်အရေးများကို ပေးအပ်ထားကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန် အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၄၂၀ ဒသမ ၀၅၂
နှင့် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆၇၂၉ ဒသမ | ၁၇၄ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ | ၏ သက်ရောက်မှုများကြောင့် အမေရိကန် | ဒေါ်လာသန်း ၅၁၆၀ ဒသမ ၈၂၅ နှင့် သွင်းကုန် | အမေရိကန်ဒေါ်လာ သန်း ၄၆၄၇ ဒသမ ၀၉၆ ရှိနေသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ သည့် ကုန်ပစ္စည်းအများစုကို အကောက်ခွန်နှုန်း ကင်းလွတ်ခွင့်၊ သက်သာခွင့်များနှင့် တင်ပို့နိုင်မည် ဖြစ်သည့်အတွက် နိုင်ငံ့ပို့ကုန်ဝင်ငွေရရှိခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ခြင်း၊ အခွန် အကောက် ဝင်ငွေများ ပိုမိုတိုးတက်ရရှိခြင်းစသည့် အကျိုးရလဒ်များ ရရှိမည်ဖြစ်သည်။

ဝန်ဆောင်မှုအပိုင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသအောက်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ ၅၂ ခုကို ဖြေလျှော့ထားသော်လည်း၊ RCEP သဘောတူစာချုပ်အောက်တွင် စီးပွားရေးလုပ်ငန်း၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖြန့်ဖြူးခြင်း၊ပညာရေး၊ ပတ်ဝန်းကျင်၊ ငွေရေးကြေးရေး၊ ကျန်းမာ ရေး၊ ခရီးသွားလာရေး၊ ပို့ဆောင်ရေးနှင့် အခြား ဝန်ဆောင်မှုကဏ္ဍများအောက်မှ ဝန်ဆောင်မှုကဏ္ဍ ခွဲ အခု ၈ဝ ကို ဖြေလျှော့ထားပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှု ဒေသအောက်တွင် ဝန်ဆောင်မှု ကဏ္ဍခွဲ ၈၈ ခုကိုသာ ဖြေလျှော့ထားသော်လည်း RCEP သဘောတူစာချုပ်တွင် ဝန်ဆောင်မှုကဏ္ဍခွဲ ၉၅ ခုထိ ဖြေလျှော့ထားသည်။ထို့ပြင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံဖြစ်သဖြင့် RCEP သဘောတူစာချုပ်တွင် ပါဝင်သည့် အချို့သော ကတိကဝတ်များကို လိုက်ပါ
ဆောင်ရွက်ရန်မလိုဘဲတစ်ဖက်သတ်အခွင့်အရေးကို ၃ နှစ်မှ ၁၅ နှစ်အထိ ရရှိထားပါသည်။ အဆိုပါ အချိန်ကာလအတွင်း နိုင်ငံအတွက် လိုအပ်သည့် ဥပဒေမူဘောင်ရေးဆွဲပြဋ္ဌာန်းခြင်း၊ လူ့စွမ်းအား
အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစု | ပျိုးထောင်ခြင်း၊ စာချုပ်အကောင်အထည်ဖော် မည့် အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြှင့်တင်
ခြင်းတို့ကို အချိန်မီ ဆောင်ရွက်နိုင်မည်ဟု နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြထားချက်အရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here