မော်လမြိုင်မြို့၌ ကားတစ်စီးဓာတ်တိုင်ဝင်တိုက်ကာ ကားမောင်းသူဒဏ်ရာရ

0
104

မော်လမြိုင်မြို့၌ ကားတစ်စီးဓာတ်တိုင်ဝင်တိုက်ကာ ကားမောင်းသူဒဏ်ရာရ

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊စျေးကြိုရပ်ကွက်ရှိ ဖက်ခင်းလမ်းတွင် ဧပြီ ၇ ရက်(ယနေ့)နံနက်ပိုင်းက ကားတစ်စီးဓာတ်တိုင်ဝင်တိုက်ကာ ကားမောင်းသူခေါင်းခန်းအတွင်း၌ညပ်၍ ထိခိုက်ဒဏ် ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာန ချုပ်မှသိရသည်။

စျေးကြိုရပ်ကွက်၏ ဖက်ခင်းလမ်းအတိုင်း မြိုင်သာယာဘက်မှစျေးကြိုဘက်သို့ မောင်းနှင်လာသည့်ကားသည် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်၌ သစ်သီးဆိုင်အနီးရှိ ဓာတ်တိုင်အားဝင်တိုက်မိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကားတိုက်မှုဖြစ်ပြီး ကားမောင်းတဲ့လူကခေါင်းခန်းထဲမှာညှပ်နေတယ်ဆိုတဲ့သတင်းရတာနဲ့ချက်ခြင်းသွားပြီး ကူညီပေးခဲ့ပါတယ်”ဟုမော်လမြိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်မှကားခေါင်းခန်းအတွင်းညပ်နေသည့် ကားမောင်းသူအား ဝိုင်းဝန်းကယ်ထုတ်ခဲ့သဖြင့် နံနက် ၁ နာရီ ၂၇ မိနစ်၌ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

” ၁၀ မိနစ်ကျော်လောက်တော့ကြာတယ် အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ် ပြင်းပြင်းထန် ထန်ထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ပါဘူး”ဟုမီး သတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here