ပြည်ကြီးတံခွန်မြို့နယ်၌ အမျိုးသားတစ်ဦး ခေါင်းအားတုတ်ဖြင့်ရိုက်ခံရပြီး ဆိုင်ကယ်လုယက်ခံရ

0
117

ပြည်ကြီးတံခွန်မြို့နယ်၌ အမျိုးသားတစ်ဦး ခေါင်းအားတုတ်ဖြင့်ရိုက်ခံရပြီး ဆိုင်ကယ်လု ယက်ခံရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်း၌ ဧပြီ ၂ ရက်ညပိုင်းက ဆိုင်ကယ်စီးလာသည့် အ မျိုးသားတစ်ဦး၏ ခေါင်းအားတုတ်ဖြင့်ရိုက်၍ စီးလာသည့်ဆိုင်ကယ်လုယက်ခံခဲ့ရသည်ဟု ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

တုတ်ဖြင့်ရိုက်၍ ဆိုင်ကယ်လုယက်ခံရသူအမျိုး သားသည် အသက် ၃၅ နှစ်အရွယ်ခန့်ရှိပြီဖြစ်ကာ ည ၈ နာရီခွဲခန့်၌ တစ်ဦးတည်းမောင်းနှင်လာစဥ် ၆၁ လမ်းနှင့် ၆၂ လမ်းကြားအရောက် ရိုက်နှက်လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“မန္တလေးမှာ အဲ့လိုဖြစ်စဥ်မျိုးက ဖြစ်တတ်တယ် နှစ်ယောက်စီးလာပြီး နောက်ကတစ်ယောက်က တုတ်နဲ့ရိုက်တယ်လုတယ် တစ်ချို့ဆိုရင် တွန်းလှဲပြီးလုတာ”ဟုမန္တလေးမြို့ခံတစ်ဦးဖြစ်သည့် ကိုကျော်စိုးကပြောသည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုး သားမှာ ဦးခေါင်းနှောက်စေ့ကြေကာ နဖူးနှင့်မျက် နှာတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ (စိုးရိမ်ရ)လူနာအဖြစ်တင်ပို့ခဲ့ရကြောင်း သိရသည်။

“ဆေးရုံကအရေးပေါ်ကုသမှုတွေလုပ်ပေးထားပြီးပြီဖြစ်တဲ့အတွက် အခြေအနေကတော့ပြန်ကောင်းလာပါပြီ ဖြစ်ဖြစ်ချင်းမှာလူနာကလမ်းဘေးမှာလဲ ကျနေတာ သတင်းရရခြင်းအမြန်သွားကူပေးခဲ့ပါတယ်”ဟုရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here