MOU လုပ်သားများအား စာချုပ်ချုပ်ဆိုပြီ

0
118

MOU လုပ်သားများအား စာချုပ်ချုပ်ဆိုပြီ

ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ မတ်လ ၂၅ ရက်တွင် စတင်၍ အလုပ်သမား နှင့် အလုပ်ရှင်များ စတင် စာချုပ်ချုပ်ဆိုပြီ ဖြစ်ကြောင်း အလုပ်သမား၀န်ကြီးဌာနက သိရသည်။

“မတ်လ ၂၅ ရက်နေ့က စပြီးတော့ စာချုပ် ချုပ်ပါတယ်။လူဦးရေ ၅၀၀ ကျော် ချုပ်ဆိုပါတယ်။ဆက်တိုက်ချုပ်ဆိုသွားမှာပါ”ဟု အလုပ်သမား၀န်ကြီးဌာန တာ၀န်ရှိသူက ပြောသည်။

နှစ်နိုင်ငံသဘောတူစာချုပ်(MOU)စနစ်ဖြင့် ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ရန် လက်မှတ်ထိုးခြင်း စတင်သော်လည်း ထိုင်းနိုင်ငံဘက်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းများလည်း ရှိနေသေးသောကြောင့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံကို ထွက်ခွာရန် နောက်ထက် ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ခွင့်အတွက် တရားဝင် ခွင့်ပြုချက်ရထားသည့် လိုင်စင်ရ အေဂျင်စီအရေအတွက်မှာ ၁၁၄ ခု ရှိပြီး ယင်းလိုင်စင်ရ အေဂျင်စီများ အနေဖြင့် ဝန်ဆောင်စရိတ် အဖြစ် တစ်ဦးလျှင် ယခင်က ငွေကျပ် တစ်သိန်းခွဲသာ ကောက်ခံသော်လည်း ယခုအခါတွင် ငွေကျပ် သုံးသိန်းကောက်ခံရန် သတ်မှတ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

Zaw Gyi

MOU လုပ္သားမ်ားအား စာခ်ဳပ္ခ်ဳပ္ဆိုၿပီ






LEAVE A REPLY

Please enter your comment!
Please enter your name here