တွံတေးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရ

0
43

တွံတေးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊တွံတေးမြို့၊ပေါက်တောကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းဦးနိုင်လွင်သည် မတ် ၂၆ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများ၊ကျေးရွာနေသူများထံမှသိရသည်။

ပေါက်တောကျေးရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းဦးနိုင်လွင်အား အမည်မသိအမျိုးသားများက ရေကျော်စုကျေးရွာ ရွာအဝင်လမ်း၌ နံ နက် ၇ နာရီခွဲခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဦးနိုင်လွင်က ရေကျော်စုရွာကိုသွားတဲ့အချိန် ရွာအဝင်လမ်းမှာပဲပစ်ခံရတာ ကျည်ထိမှန်ဒဏ်ရာ ၆ ချက်လောက်ရသွားလို့ လူနာတင်ကားနဲ့တွံတေးဆေးရုံကိုပို့နေတုန်းလမ်းမှာပဲသေသွားတယ်”ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဦးနိုင်လွင်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများသည် ပစ်ခတ်မှုပြီးနောက်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း သိရသည်။

“သေနတ်သံတွေကြားလိုက်လို့ထွက်ကြည့်တာ အဲ့အချိန်မှာဦးနိုင်လွင်က သွေးတွေနဲ့လဲကျနေပြီ ချက်ခြင်းလူနာတင်ကားခေါ်ပြီး ဆေးရုံပို့လိုက်ပါတယ် ဆေးရုံကိုတော့ကျွန်တော်တို့လိုက်မသွားတဲ့အတွက် အခြေအနေတွေကိုမသိရပါဘူး သေသွားပြီဆိုတာတော့တစ်ဆင့်စကားနဲ့ပြန်ကြားရပါတယ်”ဟုရေကျော်စုကျေးရွာသားတစ်ဦးကပြော သည်။

အခင်းဖြစ်ကျေးရွာအဝင်လမ်းနှင့်ကျေးရွာအ တွင်းတို့တွင် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Zaw Gyi

တြံေတးၿမိဳ႕ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေဟာင္း ေသ နတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊တြံေတးၿမိဳ႕၊ေပါက္ေတာေက်း႐ြာ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေဟာင္းဦးႏိုင္လြင္သည္ မတ္ ၂၆ ရက္(ယေန႔)နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရသည္ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ား၊ေက်း႐ြာေနသူမ်ားထံမွသိရသည္။

ေပါက္ေတာေက်း႐ြာ၏ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေဟာင္းဦးႏိုင္လြင္အား အမည္မသိအမ်ိဳးသားမ်ားက ေရေက်ာ္စုေက်း႐ြာ ႐ြာအဝင္လမ္း၌ နံ နက္ ၇ နာရီခြဲခန္႔က ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဦးႏိုင္လြင္က ေရေက်ာ္စု႐ြာကိုသြားတဲ့အခ်ိန္ ႐ြာအဝင္လမ္းမွာပဲပစ္ခံရတာ က်ည္ထိမွန္ဒဏ္ရာ ၆ ခ်က္ေလာက္ရသြားလို႔ လူနာတင္ကားနဲ႔တြံေတးေဆး႐ုံကိုပို႔ေနတုန္းလမ္းမွာပဲေသသြားတယ္”ဟုလုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာသည္။

ဦးႏိုင္လြင္အား ေသနတ္ျဖင့္ပစ္ခတ္ခဲ့သူမ်ားသည္ ပစ္ခတ္မႈၿပီးေနာက္ထြက္ေျပးတိမ္းေရွာင္သြားခဲ့ၾကေၾကာင္း သိရသည္။

“ေသနတ္သံေတြၾကားလိုက္လို႔ထြက္ၾကည့္တာ အဲ့အခ်ိန္မွာဦးႏိုင္လြင္က ေသြးေတြနဲ႔လဲက်ေနၿပီ ခ်က္ျခင္းလူနာတင္ကားေခၚၿပီး ေဆး႐ုံပို႔လိုက္ပါတယ္ ေဆး႐ုံကိုေတာ့ကြၽန္ေတာ္တို႔လိုက္မသြားတဲ့အတြက္ အေျခအေနေတြကိုမသိရပါဘူး ေသသြားၿပီဆိုတာေတာ့တစ္ဆင့္စကားနဲ႔ျပန္ၾကားရပါတယ္”ဟုေရေက်ာ္စုေက်း႐ြာသားတစ္ဦးကေျပာ သည္။

အခင္းျဖစ္ေက်း႐ြာအဝင္လမ္းႏွင့္ေက်း႐ြာအ တြင္းတို႔တြင္ ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here