အိန္ဒိယတွင်ဆီ​စျေးများတက်​လာ

0
174

အိန္ဒိယတွင်ဆီ​စျေးများတက်​လာ

အိန္ဒိယတွင် ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာမှုသည် တစ်လတာကြာမြှင့်​နေသည့် ယူကရိန်းစစ်ပွဲနှင့် ဆက်စပ်နေသည်ဟုဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က သောကြာနေ့တွင်​ပြောခဲ့သည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ရေနံစျေးကွက်ရှာဖွေရေးကုမ္ပဏီများသည် ၁၅ ရက်တာ ပျမ်းမျှနှုန်းဖြင့် ​စျေးတက်​နေ​သော ရေနံစိမ်းကိုဝယ်ယူနေရကြောင်း သူမက ပြောကြားခဲ့သည်။ “ဒါက နိုင်ငံတိုင်းအပေါ် သက်ရောက်မှုရှိတယ်။ အိန္ဒိယလည်း တစ်ကမ္ဘာလုံး စီးပွား​ရေးကွင်းဆက်မှာပါဝင် ချိတ်ဆက်နေတာမို့ ရေနံစိမ်းရရှိမူကွင်းဆက်​တွေပြတ်သလိုဖြစ်သွားတယ်” ဟု သူမက ဆိုသည်။

“၁၉၅၁ မှာဖြစ်ခဲ့​တဲ့ ကိုရီးယားစစ်ပွဲကလည်း အိန္ဒိယငွေကြေးဖောင်းပွမှုကို ထိခိုက်စေတယ်လို့ ပန်ဒစ် ဂျဝါဟာလာနေရူးကပြောခဲ့ဖူးတယ်။ ဘယ်နေရာမှာဖြစ်တဲ့စစ်ပွဲမဆိုအားလုံးကို ထိခိုက်နိုင်တယ်။ခု​ခေတ်လို ကမ္ဘာနဲ့အဝှမ်း ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာပို​တောင်မှ သက်ရောက်မူများလိမ့်မယ်” ဟု ဝန်ကြီးက ဆက်လက်ပြောသည်။

ယခုအခါ ဒေလီတွင် ဓာတ်ဆီတစ်လီတာကို ₹98.61 နှင့် ဒီဇယ်တစ်လီတာလျှင် ₹89.87 ဖြင့် ရောင်းချ​နေပြီး အိန္ဒိယနိုင်ငံ၏စီးပွား​ရေးမြို့တော် မွမ်ဘိုင်းတွင် ဓာတ်ဆီဈေးသည် တစ်လီတာလျှင် ₹113.35 သို့ မြင့်တက်ခဲ့ပြီး ဒီဇယ်တစ်လီတာလျှင် ₹97.55 ဖြစ်​နေခဲ့သည်။

Zaw Gyi

အိႏၵိယတြင္ဆီ​ေစ်းမ်ားတက္​လာ

အိႏၵိယတြင္ ဒီဇယ္ႏွင့္ ဓာတ္ဆီေဈးႏႈန္းမ်ား ျမင့္တက္လာမႈသည္ တစ္လတာၾကာျမႇင့္​ေနသည့္ ယူကရိန္းစစ္ပြဲႏွင့္ ဆက္စပ္ေနသည္ဟုဘ႑ာေရးဝန္ႀကီး Nirmala Sitharaman က ေသာၾကာေန႔တြင္​ေျပာခဲ့သည္။

႐ုရွား-ယူကရိန္းစစ္ပြဲေၾကာင့္ ေရနံေစ်းကြက္ရွာေဖြေရးကုမၸဏီမ်ားသည္ ၁၅ ရက္တာ ပ်မ္းမွ်ႏႈန္းျဖင့္ ​ေစ်းတက္​ေန​ေသာ ေရနံစိမ္းကိုဝယ္ယူေနရေၾကာင္း သူမက ေျပာၾကားခဲ့သည္။ “ဒါက ႏိုင္ငံတိုင္းအေပၚ သက္ေရာက္မႈရွိတယ္။ အိႏၵိယလည္း တစ္ကမာၻလုံး စီးပြား​ေရးကြင္းဆက္မွာပါဝင္ ခ်ိတ္ဆက္ေနတာမို႔ ေရနံစိမ္းရရွိမူကြင္းဆက္​ေတြျပတ္သလိုျဖစ္သြားတယ္” ဟု သူမက ဆိုသည္။

“၁၉၅၁ မွာျဖစ္ခဲ့​တဲ့ ကိုရီးယားစစ္ပြဲကလည္း အိႏၵိယေငြေၾကးေဖာင္းပြမႈကို ထိခိုက္ေစတယ္လို႔ ပန္ဒစ္ ဂ်ဝါဟာလာေန႐ူးကေျပာခဲ့ဖူးတယ္။ ဘယ္ေနရာမွာျဖစ္တဲ့စစ္ပြဲမဆိုအားလုံးကို ထိခိုက္ႏိုင္တယ္။ခု​ေခတ္လို ကမာၻနဲ႔အဝွမ္း ခ်ိတ္ဆက္ေနတဲ့ ကမာၻႀကီးမွာပို​ေတာင္မွ သက္ေရာက္မူမ်ားလိမ့္မယ္” ဟု ဝန္ႀကီးက ဆက္လက္ေျပာသည္။

ယခုအခါ ေဒလီတြင္ ဓာတ္ဆီတစ္လီတာကို ₹98.61 ႏွင့္ ဒီဇယ္တစ္လီတာလွ်င္ ₹89.87 ျဖင့္ ေရာင္းခ်​ေနၿပီး အိႏၵိယႏိုင္ငံ၏စီးပြား​ေရးၿမိဳ႕ေတာ္ မြမ္ဘိုင္းတြင္ ဓာတ္ဆီေဈးသည္ တစ္လီတာလွ်င္ ₹113.35 သို႔ ျမင့္တက္ခဲ့ၿပီး ဒီဇယ္တစ္လီတာလွ်င္ ₹97.55 ျဖစ္​ေနခဲ့သည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here