ပကျွတ်ခီလီပြည်နယ်အတွင်း ယာဉ်တိမ်းမှောက်ပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သားအချို့ မည်သူမည်ဝါမှန်းမသိဖြစ်နေ၍ မိသားစု၊ဆွေမျိုးများ အတည်ပြုပေးဖို့ မြန်မာလုပ်သားသံအရာရှိရုံးအသိပေးကြေညာ

0
31

ပကျွတ်ခီလီပြည်နယ်အတွင်း ယာဉ်တိမ်းမှောက်ပြီး သေဆုံးခဲ့သည့် မြန်မာလုပ်သားအချို့ မည်သူမည်ဝါမှန်းမသိဖြစ်နေ၍ မိသားစု၊ဆွေမျိုးများ အတည်ပြုပေးဖို့ မြန်မာလုပ်သားသံအရာရှိရုံးအသိပေးကြေညာ

ပြီးခဲ့သည့် မတ်လ ၁၆ရက်က ထိုင်းနိုင်ငံ ပကျွတ်ခီလီပြည်နယ်အတွင်း ဘန်ကောက်သို့သွားရာ လမ်းမကြီး၌ တရားမဝင်အလုပ်သမား တင်ဆောင်လာသည့် ပစ်ကပ်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၆ ဦးသေဆုံးခဲ့ကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်။

ယာဉ်ပေါ်တွင် အလုပ်သမား ကျား ၇ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၁၉ ဦးလိုက်ပါလာပြီး ၆ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ မှန်ကန်ကြောင်း ဖော်ထုတ်ရန်နှင့် ၎င်းတို့ မိသားစုများနှင့် ဆက်သွယ်နိုင်ရေး လိုအပ်လျှက်ရှိနေပြီး ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်သည့် သေဆုံးသူ အမည်စာရင်းစိစစ်ချက်များအရ မခိုင်ဇာလင်း(အသက်-၁၉ နှစ်)၊မရီရီဝင်း(အသက်-၂၅ နှစ်) ၊မလဲ့လဲ့စိုး (အသက်-၂၄ နှစ်)၊ မမြပုလဲ (အသက်-၃၃ နှစ်) ၊ဦးဇေယျာမင်း ( အသက်-၃၅ နှစ်)၊ မအိအိမော် ( အသက်-၂၅ နှစ်) တို့ဖြစ်ကြသည်ဟု အလုပ်သမားသံအရာရှိရုံးကဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးအနေဖြင့် မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများအနက် ထိခိုက်ဒဏ်ရာရသူများနှင့် ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်အရ တွေ့ဆုံမေးမြန်းနိုင်ခြင်းမရှိ၍ သေဆုံသူများ၏ ရုပ်အလောင်းများ စိစစ်ခဲ့ရာ အချို့ကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် အခက်အခဲဖြစ်ပေါ်နေပါ၍ မိသားစု၊ ဆွေမျိုးများမှ အတည်ပြုပေးရန် လိုအပ်လျှက်ရှိနေသည်။

မည်သူမည်ဝါဖြစ်ကြောင်း သိရှိသူများက ၎င်းတို့မိသားစုများနှင့် ဆက်သွယ်နိုင်ရေး သံအရာရှိရုံး၏ Page Message Box မှ တစ်ဆင့် ဆက်သွယ်ပေးရန် မေတ္တာရပ်ခံထားကာ သံအရာရှိရုံး၏ အစီအစဉ်ဖြင့် သေဆုံးသူ၏ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးများ လျော်ကြေးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ နေ့လည်တွင် သတင်းထုတ်ပြန်ထားသည်။

Zaw Gyi

ပကြၽတ္ခီလီျပည္နယ္အတြင္း ယာဥ္တိမ္းေမွာက္ၿပီး ေသဆုံးခဲ့သည့္ ျမန္မာလုပ္သားအခ်ိဳ႕ မည္သူမည္ဝါမွန္းမသိျဖစ္ေန၍ မိသားစု၊ေဆြမ်ိဳးမ်ား အတည္ျပဳေပးဖို႔ ျမန္မာလုပ္သားသံအရာရွိ႐ုံးအသိေပးေၾကညာ

ၿပီးခဲ့သည့္ မတ္လ ၁၆ရက္က ထိုင္းႏိုင္ငံ ပကြၽတ္ခီလီျပည္နယ္အတြင္း ဘန္ေကာက္သို႔သြားရာ လမ္းမႀကီး၌ တရားမဝင္အလုပ္သမား တင္ေဆာင္လာသည့္ ပစ္ကပ္ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ရာ ၆ ဦးေသဆုံးခဲ့ကာ ၆ ဦးဒဏ္ရာရရွိခဲ့သည္။

ယာဥ္ေပၚတြင္ အလုပ္သမား က်ား ၇ ဦး၊ မ ၁၂ ဦး စုစုေပါင္း ၁၉ ဦးလိုက္ပါလာၿပီး ၆ဦးေသဆုံးခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူ မွန္ကန္ေၾကာင္း ေဖာ္ထုတ္ရန္ႏွင့္ ၎တို႔ မိသားစုမ်ားႏွင့္ ဆက္သြယ္ႏိုင္ေရး လိုအပ္လွ်က္ရွိေနၿပီး ယာဥ္တိမ္းေမွာက္ရာတြင္ ပါဝင္သည့္ ေသဆုံးသူ အမည္စာရင္းစိစစ္ခ်က္မ်ားအရ မခိုင္ဇာလင္း(အသက္-၁၉ ႏွစ္)၊မရီရီဝင္း(အသက္-၂၅ ႏွစ္) ၊မလဲ့လဲ့စိုး (အသက္-၂၄ ႏွစ္)၊ မျမပုလဲ (အသက္-၃၃ ႏွစ္) ၊ဦးေဇယ်ာမင္း ( အသက္-၃၅ ႏွစ္)၊ မအိအိေမာ္ ( အသက္-၂၅ ႏွစ္) တို႔ျဖစ္ၾကသည္ဟု အလုပ္သမားသံအရာရွိ႐ုံးကဆိုသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမားသံအရာရွိ႐ုံးအေနျဖင့္ ေမာ္ေတာ္ယာဥ္တြင္ လိုက္ပါခဲ့သူမ်ားအနက္ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ က်န္ရွိသူမ်ားကို ကိုဗစ္-၁၉ ေရာဂါကန႔္သတ္ခ်က္အရ ေတြ႕ဆုံေမးျမန္းႏိုင္ျခင္းမရွိ၍ ေသဆုံသူမ်ား၏ ႐ုပ္အေလာင္းမ်ား စိစစ္ခဲ့ရာ အခ်ိဳ႕ကို မည္သူ မည္ဝါ ျဖစ္ေၾကာင္း ေဖာ္ထုတ္ရန္ အခက္အခဲျဖစ္ေပၚေနပါ၍ မိသားစု၊ ေဆြမ်ိဳးမ်ားမွ အတည္ျပဳေပးရန္ လိုအပ္လွ်က္ရွိေနသည္။

မည္သူမည္ဝါျဖစ္ေၾကာင္း သိရွိသူမ်ားက ၎တို႔မိသားစုမ်ားႏွင့္ ဆက္သြယ္ႏိုင္ေရး သံအရာရွိ႐ုံး၏ Page Message Box မွ တစ္ဆင့္ ဆက္သြယ္ေပးရန္ ေမတၱာရပ္ခံထားကာ သံအရာရွိ႐ုံး၏ အစီအစဥ္ျဖင့္ ေသဆုံးသူ၏ မိဘ၊ ဇနီး/ခင္ပြန္း၊ သားသမီးမ်ား ေလ်ာ္ေၾကးရရွိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ဟု ယေန႔ ေန႔လည္တြင္ သတင္းထုတ္ျပန္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here