မန္တလေးတိုင်းအတွင်းစာစစ်ဌာန ၁၄၀ကျော် ဖွင့်လှစ်သွားမည်

0
35

မန္တလေးတိုင်းအတွင်းစာစစ်ဌာန ၁၄၀ကျော် ဖွင့်လှစ်သွားမည်

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၃၁)မှ ဧပြီလ(၉)ရက်နေ့အထိကျင်းပပြုလုပ်သွားရန်ရှိနေရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနိုင်စေရန်အတွက် ကျောင်းတွင်းစာစစ်ဌာန (၁၃၉)ခုနှင့် အကြောင်းအမျိုးမျိုးကြောင့် နေမကောင်းသူများပါ စာမေးပွဲ‌ဖြေဆိုနိုင်ခွင့်မဆုံးရှုံးစေရန် မန္တလေးအထွေထွေရောဂါကုဆေးရုံ (၁)ရုံတွင် စာစစ်ဌာနများ ထားရှိသွားရန်ရှိသည်ဟုသိရသည်။

မန္တလေးခရိုင် အတွင်းရှိမြို့နယ်(၇)မြိုနယ်တွင် ကျောင်းတွင်းစာ‌စစ်ဌာန (၂၃)ခုနှင့် ကျောင်းသား/ ကျောင်းသူများ၏ကျန်းမာရေးအခြေအနေအရ သက်ဆိုင်ရာမြို့နယ်အလိုက် ယာယီဖြေဆိုရမည့်နေရာများလည်း စီစဉ်ဆောင်ရွက်ထားရှိထားသည်ဟုလည်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းတွင်းဖြေဆိုရန်စာရင်းပေးထားသူ (၂၃,၀၈၈)ဦး၊ပြင်ပမှဝင်ရောက်ဖြေဆိုရန်စာရင်းပေးထားသူ (၁၃,၀၆၃)ဦး စုစု‌ပေါင်း (၃၆၁၅၂)ဦး ရှိသည်။

မန္တလေးခရိုင်အတွင်းတွင်မူ ကျောင်းတွင်းဖြေဆိုရန်စာရင်းပေးထားသူ ဦးရေ (၄,၀၂၆)ဦးနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုရန်စာရင်းပေးထားသူဦးရေ ( ၁,၉၆၇ )စုစုပေါင်း (၅,၉၉၃ )ဦး ရှိနေသည်ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဦးစန်းအောင်ကပြောဆိုထားသည်။

Zaw Gyi

မႏၲေလးတိုင္းအတြင္းစာစစ္ဌာန ၁၄၀ေက်ာ္ ဖြင့္လွစ္သြားမည္

 

၂၀၂၂ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၃၁)မွ ဧၿပီလ(၉)ရက္ေန႔အထိက်င္းပျပဳလုပ္သြားရန္ရွိေနရာတြင္ မႏၲေလးတိုင္းေဒသႀကီးအတြင္း တကၠသိုလ္ဝင္ စာေမးပြဲေျဖဆိုႏိုင္ေစရန္အတြက္ ေက်ာင္းတြင္းစာစစ္ဌာန (၁၃၉)ခုႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေနမေကာင္းသူမ်ားပါ စာေမးပြဲ‌ေျဖဆိုႏိုင္ခြင့္မဆုံးရႈံးေစရန္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံ (၁)႐ုံတြင္ စာစစ္ဌာနမ်ား ထားရွိသြားရန္ရွိသည္ဟုသိရသည္။

မႏၲေလးခ႐ိုင္ အတြင္းရွိၿမိဳ႕နယ္(၇)ၿမိဳနယ္တြင္ ေက်ာင္းတြင္းစာ‌စစ္ဌာန (၂၃)ခုႏွင့္ ေက်ာင္းသား/ ေက်ာင္းသူမ်ား၏က်န္းမာေရးအေျခအေနအရ သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ယာယီေျဖဆိုရမည့္ေနရာမ်ားလည္း စီစဥ္ေဆာင္႐ြက္ထားရွိထားသည္ဟုလည္းသိရသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း တကၠသိုလ္ဝင္စာေမးပြဲ ေက်ာင္းတြင္းေျဖဆိုရန္စာရင္းေပးထားသူ (၂၃,၀၈၈)ဦး၊ျပင္ပမွဝင္ေရာက္ေျဖဆိုရန္စာရင္းေပးထားသူ (၁၃,၀၆၃)ဦး စုစု‌ေပါင္း (၃၆၁၅၂)ဦး ရွိသည္။

မႏၲေလးခ႐ိုင္အတြင္းတြင္မူ ေက်ာင္းတြင္းေျဖဆိုရန္စာရင္းေပးထားသူ ဦးေရ (၄,၀၂၆)ဦးႏွင့္ ျပင္ပမွဝင္ေရာက္ေျဖဆိုရန္စာရင္းေပးထားသူဦးေရ ( ၁,၉၆၇ )စုစုေပါင္း (၅,၉၉၃ )ဦး ရွိေနသည္ဟု မႏၲေလးတိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ တိုင္းပညာေရးမႉး ဦးစန္းေအာင္ကေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here