“မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ် စားပြုတဲ့အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ဖက်ဒ ရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရေးမှာအရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်”ဟု နစက ဥက္ကဋ္ဌပြော

0
180

(Unicode)

“မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ် စားပြုတဲ့အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ဖက်ဒ ရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည် ဆောက်ရေးမှာအရေးပါတဲ့ အင်အားစုတစ်ရပ်ဖြစ်”ဟု နစက ဥက္ကဋ္ဌပြော

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်း အမှတ်အခမ်းအနားအား မတ် ၈ ရက်ကကျင်းပရာ နစက ဥက္ကဋ္ဌ မှအဖွင့်မိန့်ခွန်းပေးပို့ရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမျိုးသမီးများသည် နိုင်ငံအတွက်အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များဖြစ်၍ အဆိုပါ အဖိုးတန်သည့် လူသားအရင်းအမြစ်များအား ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေရေး၊လျော့ပါးသက်သာစေရေးလုပ်ငန်းများအပါအဝင် ကဏ္ဍစုံ၌ အမျိုးသမီးများနှင့်မိန်း ကလေးငယ်တို့၏ စွမ်းရည်များအား ထိရောက်စွာ အသုံးချပေးရန်လည်း နစက ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုထားသည်။

ထိုသို့ အသုံးချနိုင်ရန် အမျိုးသမီးများနှင့်မိန်းက လေးငယ်များ၏ စွမ်းဆောင်ရည်အား ပိုမိုမြှင့်တင်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌမှတိုက်တွန်းပြောကြားခဲ့သည်။

“ရာသီဥတုပြောင်းလဲမှုကြောင့် ကျား၊ မ ရေးရာ၊ အဆင့်အတန်းရွှေ့ပြောင်းမှုအခြေအနေ၊အသက် အရွယ်၊မသန်စွမ်းမှုစတဲ့ ဝိသေသ လက္ခဏာတွေ အပေါ်အခြေခံပြီး မညီမျှမှုတွေအမျိုးမျိုးသော ထိခိုက်လွယ်မှုတွေကို ဖြစ်ပေါ်စေပါတယ် ရာသီ ဥတုပြောင်းလဲမှုဒဏ်ကို အမျိုးသမီးတွေဟာ အ မျိုးသားတွေထက် ပိုပြီးခံစားကြရပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထိုသို့ ခံစားရခြင်းမှာ အမျိုးသမီးများသည် ရာသီ ဥတုပြောင်းလဲမှုကြောင့် အများဆုံးထိခိုက်မှုဖြစ်စေသည့် သယံဇာတများအပေါ် ပိုမိုမှီခိုနေရပြီး ဆင်းရဲမှုကိုလည်း ပိုမိုခံစားနေရခြင်းကြောင့်ဖြစ် သည်ဟုပြောသည်။

တစ်ချိန်တည်း၌ပင် အမျိုးသမီးနှင့်မိန်းကလေးငယ်များသည် ၎င်းတို့ပါဝင်ဆောင်ရွက်သည့် လုပ် ငန်းသဘာဝအရ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်များ အကြောင်းအား ဗဟုသုတကြွယ်ဝသူများဖြစ်၍ ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေရေး၊လျော့ပါးသက်သာစေရေးနှင့်ရင်ဆိုင်တုံ့ ပြန်ရေးလုပ်ငန်းများ၌ ဦးဆောင်ပါဝင် ဆောင် ရွက်ပေးနိုင်သူများအဖြစ် မြင်တွေ့ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

“ဒါ့ကြောင့် ရာသီဥတုပြောင်းလဲမှု လျော့ပါးသက် သာစေရေးနဲ့တုံ့ပြန်ရေးကြိုးပမ်းမှုတွေမှာ အမျိုး သမီးတွေအနေနဲ့အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး အပြည့်အဝထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်”ဟု နစက ဥက္ကဋ္ဌမိန့်ခွန်း၌ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂရာ သီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုးအတည်ပြုချိန်မှစ၍ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအား အလေးထားအ ကောင်အထည်ဖော်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါ ဒ(၂၀၁၉)၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင် ရာမဟာဗျူဟာ(၂၀၁၉)နှင့်မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာပင်မလုပ်ငန်းအစီအစဥ် (၂၀၁၈-၂၀၃၀)တို့အား မြန်မာနိုင်ငံ၏ အခြေအ နေနှင့်လိုက်လျောညီထွေဖြစ်စေရန် ရေးဆွဲထားပြီး ကျား၊ မ ရေးရာတန်းတူညီမျှမှုများ၊အမျိုးသ မီးများနှင့်မိန်းကလေးငယ်များ၏ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများအား ပေါင်းစပ်ထည့်သွင်းထားသည်ဟု နစက ဥက္ကဋ္ဌ၏မိန့်ခွန်း၌ထည့်သွင်းပြောကြားထားသည်။

(Zawgyi)

“ျမန္မာႏိုင္ငံလူဦးေရရဲ႕ ထက္ဝက္ေက်ာ္ကို ကိုယ္ စားျပဳတဲ့အမ်ိဳးသမီးမ်ားဟာ ဒီမိုကေရစီနဲ႔ဖက္ဒ ရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စုတည္ ေဆာက္ေရးမွာအေရးပါတဲ့ အင္အားစုတစ္ရပ္ျဖစ္”ဟု နစက ဥကၠ႒ေျပာ

အျပည္ျပည္ဆိုင္ရာအမ်ိဳးသမီးမ်ားေန႔ အထိမ္း အမွတ္အခမ္းအနားအား မတ္ ၈ ရက္ကက်င္းပရာ နစက ဥကၠ႒ မွအဖြင့္မိန္႔ခြန္းေပးပို႔ရာတြင္ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ အမ်ိဳးသမီးမ်ားသည္ ႏိုင္ငံအတြက္အလြန္အဖိုးတန္သည့္ လူသားအရင္းအျမစ္မ်ားျဖစ္၍ အဆိုပါ အဖိုးတန္သည့္ လူသားအရင္းအျမစ္မ်ားအား ရာသီဥတုေျပာင္းလဲမႈႏွင့္လိုက္ေလ်ာညီေထြျဖစ္ေစေရး၊ေလ်ာ့ပါးသက္သာေစေရးလုပ္ငန္းမ်ားအပါအဝင္ က႑စုံ၌ အမ်ိဳးသမီးမ်ားႏွင့္မိန္း ကေလးငယ္တို႔၏ စြမ္းရည္မ်ားအား ထိေရာက္စြာ အသုံးခ်ေပးရန္လည္း နစက ဥကၠ႒၏ မိန္႔ခြန္းတြင္ထည့္သြင္းေျပာဆိုထားသည္။

ထိုသို႔ အသုံးခ်ႏိုင္ရန္ အမ်ိဳးသမီးမ်ားႏွင့္မိန္းက ေလးငယ္မ်ား၏ စြမ္းေဆာင္ရည္အား ပိုမိုျမႇင့္တင္ေပးႏိုင္ရန္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ေပးရမည္ဟု နစက ဥကၠ႒မွတိုက္တြန္းေျပာၾကားခဲ့သည္။

“ရာသီဥတုေျပာင္းလဲမႈေၾကာင့္ က်ား၊ မ ေရးရာ၊ အဆင့္အတန္းေ႐ႊ႕ေျပာင္းမႈအေျခအေန၊အသက္ အ႐ြယ္၊မသန္စြမ္းမႈစတဲ့ ဝိေသသ လကၡဏာေတြ အေပၚအေျခခံၿပီး မညီမွ်မႈေတြအမ်ိဳးမ်ိဳးေသာ ထိခိုက္လြယ္မႈေတြကို ျဖစ္ေပၚေစပါတယ္ ရာသီ ဥတုေျပာင္းလဲမႈဒဏ္ကို အမ်ိဳးသမီးေတြဟာ အ မ်ိဳးသားေတြထက္ ပိုၿပီးခံစားၾကရပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

ထိုသို႔ ခံစားရျခင္းမွာ အမ်ိဳးသမီးမ်ားသည္ ရာသီ ဥတုေျပာင္းလဲမႈေၾကာင့္ အမ်ားဆုံးထိခိုက္မႈျဖစ္ေစသည့္ သယံဇာတမ်ားအေပၚ ပိုမိုမွီခိုေနရၿပီး ဆင္းရဲမႈကိုလည္း ပိုမိုခံစားေနရျခင္းေၾကာင့္ျဖစ္ သည္ဟုေျပာသည္။

တစ္ခ်ိန္တည္း၌ပင္ အမ်ိဳးသမီးႏွင့္မိန္းကေလးငယ္မ်ားသည္ ၎တို႔ပါဝင္ေဆာင္႐ြက္သည့္ လုပ္ ငန္းသဘာဝအရ ပတ္ဝန္းက်င္ႏွင့္ေဂဟစနစ္မ်ား အေၾကာင္းအား ဗဟုသုတႂကြယ္ဝသူမ်ားျဖစ္၍ ရာသီဥတုေျပာင္းလဲမႈႏွင့္လိုက္ေလ်ာညီေထြျဖစ္ေစေရး၊ေလ်ာ့ပါးသက္သာေစေရးႏွင့္ရင္ဆိုင္တုံ႔ ျပန္ေရးလုပ္ငန္းမ်ား၌ ဦးေဆာင္ပါဝင္ ေဆာင္ ႐ြက္ေပးႏိုင္သူမ်ားအျဖစ္ ျမင္ေတြ႕ၾကရမည္ဟု နစက ဥကၠ႒ကေျပာသည္။

“ဒါ့ေၾကာင့္ ရာသီဥတုေျပာင္းလဲမႈ ေလ်ာ့ပါးသက္ သာေစေရးနဲ႔တုံ႔ျပန္ေရးႀကိဳးပမ္းမႈေတြမွာ အမ်ိဳး သမီးေတြအေနနဲ႔အမ်ိဳးသားမ်ားနဲ႔ ရင္ေပါင္တန္းၿပီး အျပည့္အဝထိေရာက္စြာ ပါဝင္ေဆာင္႐ြက္ေရးဟာ အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္”ဟု နစက ဥကၠ႒မိန္႔ခြန္း၌ထည့္သြင္းေျပာၾကားခဲ့သည္။

အလားတူ ျမန္မာႏိုင္ငံအေနျဖင့္ ကုလသမဂၢရာ သီဥတုေျပာင္းလဲမႈဆိုင္ရာ မူေဘာင္ကြန္ဗင္းရွင္းအား လက္မွတ္ေရးထိုးအတည္ျပဳခ်ိန္မွစ၍ ကြန္ဗင္းရွင္းပါ ျပ႒ာန္းခ်က္မ်ားအား အေလးထားအ ေကာင္အထည္ေဖာ္လ်က္ရွိသည္ဟု နစက ဥကၠ႒ကေျပာသည္။

ျမန္မာႏိုင္ငံအမ်ိဳးသားပတ္ဝန္းက်င္ေရးရာမူဝါ ဒ(၂၀၁၉)၊ ျမန္မာႏိုင္ငံရာသီဥတုေျပာင္းလဲမႈဆိုင္ ရာမဟာဗ်ဴဟာ(၂၀၁၉)ႏွင့္ျမန္မာႏိုင္ငံရာသီဥတုေျပာင္းလဲမႈဆိုင္ရာပင္မလုပ္ငန္းအစီအစဥ္ (၂၀၁၈-၂၀၃၀)တို႔အား ျမန္မာႏိုင္ငံ၏ အေျခအ ေနႏွင့္လိုက္ေလ်ာညီေထြျဖစ္ေစရန္ ေရးဆြဲထားၿပီး က်ား၊ မ ေရးရာတန္းတူညီမွ်မႈမ်ား၊အမ်ိဳးသ မီးမ်ားႏွင့္မိန္းကေလးငယ္မ်ား၏ အခန္းက႑ ျမႇင့္တင္ေရးကိစၥမ်ားအား ေပါင္းစပ္ထည့္သြင္းထားသည္ဟု နစက ဥကၠ႒၏မိန္႔ခြန္း၌ထည့္သြင္းေျပာၾကားထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here