ကျောက်ဆည်ခရိုင်ထွေအုပ်ရုံး လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခံရ ပြန်လည်ပစ်ခတ်မှုများရှိ

0
70

(Unicode)

ကျောက်ဆည်ခရိုင်ထွေအုပ်ရုံး လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခံရ ပြန်လည်ပစ်ခတ်မှုများရှိ

မန္တလေးတိုင်း၊ကျောက်ဆည်မြို့ရှိ ကျောက်ဆည်ခရိုင်ထွေအုပ်ရုံး မတ် ၃ ရက်(ယနေ့)နံနက်ပိုင်းက လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ပေါက် ကွဲမှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးအတွင်းသို့ နံနက် ၁၀ နာရီခွဲခန့်က လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ခရိုင်ထွေအုပ်ရုံးအတွင်းရှိ လုံခြုံရေးအဖွဲ့ဝင်များမှပြန်လည်ပစ်ခတ်မှုများရှိခဲ့သည်ဟု သိရသည်။

“ပေါက်ကွဲသံနှစ်ချက်ကြားတယ် ထိခိုက်ဒဏ်ရာရတာရှိ မရှိကတော့ကျွန်တော်တို့လည်းမသိဘူး ရုံးဝင်းထဲမှာဆိုတော့ သွားစုံစမ်းလို့မရဘူးလေ ခုချိန်ကပိုပြီးမသွားရဲဘူး ရုံးထဲကနေပြန်ပစ်သံအနည်းအကျဥ်းလည်းကြားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

လက်ပစ်ဗုံးပေါက်ကွဲမှုသည် ခရိုင်ထွေအုပ်ရုံးဝင်းအတွင်း၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုအား သေချာစွာသိရှိရခြင်းမရှိကြောင်း ဒေသခံများထံမှသိရသည်။

ကျောက်ဆည်ခရိုင်ထွေအုပ်ရုံးအတွင်းသို့ လက် ပစ်ဗုံး ၂ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) မှထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

(Zawgyi)

ေက်ာက္ဆည္ခ႐ိုင္ေထြအုပ္႐ုံး လက္ပစ္ဗုံးမ်ားျဖင့္ ပစ္ခတ္ခံရ ျပန္လည္ပစ္ခတ္မႈမ်ားရွိ

မႏၲေလးတိုင္း၊ေက်ာက္ဆည္ၿမိဳ႕ရွိ ေက်ာက္ဆည္ခ႐ိုင္ေထြအုပ္႐ုံး မတ္ ၃ ရက္(ယေန႔)နံနက္ပိုင္းက လက္ပစ္ဗုံးမ်ားျဖင့္ ပစ္ခတ္ခံခဲ့ရသျဖင့္ ေပါက္ ကြဲမႈမ်ားျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ေက်ာက္ဆည္ခ႐ိုင္ေထြအုပ္႐ုံးအတြင္းသို႔ နံနက္ ၁၀ နာရီခြဲခန္႔က လက္ပစ္ဗုံး ၂ လုံးျဖင့္ပစ္ခတ္ခံရၿပီးေနာက္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ ခ႐ိုင္ေထြအုပ္႐ုံးအတြင္းရွိ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားမွျပန္လည္ပစ္ခတ္မႈမ်ားရွိခဲ့သည္ဟု သိရသည္။

“ေပါက္ကြဲသံႏွစ္ခ်က္ၾကားတယ္ ထိခိုက္ဒဏ္ရာရတာရွိ မရွိကေတာ့ကြၽန္ေတာ္တို႔လည္းမသိဘူး ႐ုံးဝင္းထဲမွာဆိုေတာ့ သြားစုံစမ္းလို႔မရဘူးေလ ခုခ်ိန္ကပိုၿပီးမသြားရဲဘူး ႐ုံးထဲကေနျပန္ပစ္သံအနည္းအက်ဥ္းလည္းၾကားတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

လက္ပစ္ဗုံးေပါက္ကြဲမႈသည္ ခ႐ိုင္ေထြအုပ္႐ုံးဝင္းအတြင္း၌ ေပါက္ကြဲခဲ့ျခင္းျဖစ္ေသာ္လည္း ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ပ်က္စီးဆုံးရႈံးမႈအား ေသခ်ာစြာသိရွိရျခင္းမရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

ေက်ာက္ဆည္ခ႐ိုင္ေထြအုပ္႐ုံးအတြင္းသို႔ လက္ ပစ္ဗုံး ၂ လုံးျဖင့္ပစ္ခတ္တိုက္ခိုက္ခဲ့သည္ဟု ေက်ာက္ဆည္ခ႐ိုင္ကာကြယ္ေရးတပ္ဖြဲ႕(K.D.D.F) မွထုတ္ျပန္ထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here