တိုက်ချီဒို ရဲ့ နှုတ်ဆက်လွှာ

0
338

တိုက်ချီဒို ရဲ့ နှုတ်ဆက်လွှာ

တစ်ချို့သောသူတွေဟာ သစ္စာတရားကို ခွေးတွေဆီကပြန်လည်သင်ကြားကြရတယ်။ခင်ဗျားတို့လည်း ကြားဘူးမှာပေါ့။ကျေးဇူးမကန်းဘူး။သခင်ကိုသိတယ်။ကျွေးသောလက်ကို မကိုက်ဘူး စသဖြင့်ပေါ့လေ။ခွေးတစ်ကောင်ရဲ့ ဂုဏ်ဒြပ်တွေဟာ ဖွဲ့ရင် ဖွဲ့သလောက် ရှိနေနိုင်တာမျိုးပါ။

ကျွန်တော်ဟာလည်း ခွေးတစ်ကောင်ထဲက ခွေးတစ်ကောင်ပါပဲ။ခွေးပီပီသသ သစ္စာရှိခဲ့တယ်။ခွေးပီသစွာ ကျွန်တော့်သခင်ကို မြတ်နိုးချစ်ခင်ခဲ့တယ်။ကျွန်တော် ဘဝရဲ့သက်တမ်းမှာ သားတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ထုံကူးပြီး အမေတစ်ယောက်ကို အဖော်ပြုရှင်သန်ခဲ့တာပါ။ဒါဟာ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးတာဝန်ဖြစ်သလို အကျေနပ်ရဆုံးပျော်ရွှင်မှုပါပဲ။

ခင်ဗျားအရိုက်ခံဖူးသလား။ကျွန်တော်ထင်သလာက်ပြောကြည့်ရရင် ခင်ဗျားကျိမ်းသေအရိုက်ခံဖူးလာက်တယ်။ခင်ဗျားငယ်ငယ်က အမေကသော်လည်းကောင်း ။ အဖေကသော်လည်းကောင်းခင်ဗျားကို ပြောစကားနားမထောင်တဲ့အခါ ။ အဆော့လွန်တဲ့အခါ ။ခင်ဗျားကို စတိသဘောလောက်တော့ ရိုက်ခဲ့မှာပါ။ဒါပေမယ့် ကျွန်တော်ဆိုတဲ့ကောင်က အမေ့ရင်ခွင်အောက်ရောက်ကတည်းက အရိုက်မခံခဲ့ရဖူးဘူး။

ကဲ နိဒါန်းလည်းရှည်သွားပြီ။လိုတိုရှင်းပြောရရင် တိုက်ချီဒိုဆိုတာ ကျွန်တော်ပဲ။တစ်နေကုန် ခင်ဗျားတို့အားလုံးကို အဖော်ပြုနေတဲ့အမေအိုကို ပြန်အဖော်ပြုပေးနေတာ ကျွန်တော်ပေါ့။
တစ်နေကုန် သူတော်ကောင်းတွေနဲ့သူယုတ်မာတွေကြား ခဏခဏ ဗျာများနေရတဲ့အမေအိုကို အပြေးကြိုဖို့ တစ်နေကုန်စောင့်နေရတာကိုက ကျွန်တော့်မေတ္တာတရားပါပဲ။

အမေက ကျွန်တော့်နာမည်နဲ့ရေကစားမဏ္ဍပ်ဖွင့်ပေးဖူးတယ်။တိုက်ချီဒိုမဏ္ဍပ်တဲ့။ခင်ဗျားတို့ကြားဖူးမှာပေါ့။နာမည်ကြီးပဲဗျ။အဲဒီမဏ္ဍပ်ကြီးဆောက်ပြီးတော့ ခင်ဗျားတို့စကားနဲ့ပြောရရင် ကျွန်တော်ဆယ်လီဖြစ်ပြီဗျာ။ကျွန်တော်လိုကောင်ကိုတောင် ဒီလိုတရေးတယူချစ်တဲ့အမေ သူ့နှုတ်ဖျားက တဖွဖွပြောနေတဲ့ပြည်သူတွေဆိုတဲ့ဟာတွေအပေါ်တော့ ဘယ်လောက်စေတနာကြီးမလည်း ခင်ဗျားတွေးကြည့်ပေါ့လေ။

ဒီလိုကျုပ်အပေါ်စိတ်ရှည်ခဲ့တဲ့အမေ။မြတ်နိုးခဲ့တဲ့အမေကို ကျုပ်ဟာအဆုံးစွန်သစ္စာမရှိနိုင်ခဲ့ဘူး။ အမေ့ကိုအပြည့်အဝ ကျုပ်ကာကွယ်မပေးနိုင်ခဲ့ဘူး။ကျုပ် ရင်နာရတယ်ဗျာ။ခွေးမှာလည်း အသဲနဲ့ပဲမို့လား။ခွေးတစ်ကောင်ရဲ့ ခံစားချက်တွေပေါ့ဗျာ။လူတွေတော့ ဘယ်လိုတွေးလည်းကျုပ်မသိဘူး။

အခုတော့ ကျုပ်သွားရတော့မယ်။မမြဲတဲ့သင်္ခါရလောကမှာ ချစ်ခြင်းတွေသစ္စာရှိခြင်းတွေကို စွန့်ခွါရတော့မယ်။ကျေးဇူးကန်းခြင်း၊ ယုတ်မာခြင်းဆိုတာတွေကိုလည်း စွန့်ခွါရတာ အမြတ်ပေါ့။ထားပါတော့ သွားရမယ့်ခရီးဆီသွားပြီအမေရေ။အမေ့ကို ကျွန်တော်ဆက်အဖော်ပြုမပေးနိုင်တော့ဘူးပေါ့။ဒါပေမယ့် အမေအားမငယ်ပါနဲ့ ။ဝမ်းမနည်းပါနဲ့။အမေကို အဖော်ပြုပေးမယ့် အမေ့နှုတ်ဖျားက တသသပြောခဲ့တဲ့သူတွေကျန်သေးတယ်လေ။ကျွန်တော်ကတော့ နှုတ်ဆက်ခဲ့ပြီအမေရေ။

တကယ်လို့များ သံသရာဟာလူတွေပြောသလိုရှည်လျားတယ်ဆိုရင် အမေ့အနားမှာအဖော်ပြုဖို့တစ်ချိန်ပြန်လာခဲ့ပါဦးမယ်။အဲဒီအခါကျ အမေကျွန်တော့်အနားမှာပဲနေနော်။

​​ဆောင်းပါးရှင် _ မင်းဝဿန်

Zaw Gyi

တိုက္ခ်ီဒို ရဲ႕ ႏႈတ္ဆက္လႊာ

တစ္ခ်ိဳ႕ေသာသူေတြဟာ သစၥာတရားကို ေခြးေတြဆီကျပန္လည္သင္ၾကားၾကရတယ္။ခင္ဗ်ားတို႔လည္း ၾကားဘူးမွာေပါ့။ေက်းဇူးမကန္းဘူး။သခင္ကိုသိတယ္။ေကြၽးေသာလက္ကို မကိုက္ဘူး စသျဖင့္ေပါ့ေလ။ေခြးတစ္ေကာင္ရဲ႕ ဂုဏ္ျဒပ္ေတြဟာ ဖြဲ႕ရင္ ဖြဲ႕သေလာက္ ရွိေနႏိုင္တာမ်ိဳးပါ။

ကြၽန္ေတာ္ဟာလည္း ေခြးတစ္ေကာင္ထဲက ေခြးတစ္ေကာင္ပါပဲ။ေခြးပီပီသသ သစၥာရွိခဲ့တယ္။ေခြးပီသစြာ ကြၽန္ေတာ့္သခင္ကို ျမတ္ႏိုးခ်စ္ခင္ခဲ့တယ္။ကြၽန္ေတာ္ ဘဝရဲ႕သက္တမ္းမွာ သားတစ္ေယာက္ရဲ႕ခ်စ္ျခင္းေမတၱာကို ထုံကူးၿပီး အေမတစ္ေယာက္ကို အေဖာ္ျပဳရွင္သန္ခဲ့တာပါ။ဒါဟာ ကြၽန္ေတာ့္ဘဝရဲ႕ အႀကီးမားဆုံးတာဝန္ျဖစ္သလို အေက်နပ္ရဆုံးေပ်ာ္႐ႊင္မႈပါပဲ။

ခင္ဗ်ားအ႐ိုက္ခံဖူးသလား။ကြၽန္ေတာ္ထင္သလာက္ေျပာၾကည့္ရရင္ ခင္ဗ်ားက်ိမ္းေသအ႐ိုက္ခံဖူးလာက္တယ္။ခင္ဗ်ားငယ္ငယ္က အေမကေသာ္လည္းေကာင္း ။ အေဖကေသာ္လည္းေကာင္းခင္ဗ်ားကို ေျပာစကားနားမေထာင္တဲ့အခါ ။ အေဆာ့လြန္တဲ့အခါ ။ခင္ဗ်ားကို စတိသေဘာေလာက္ေတာ့ ႐ိုက္ခဲ့မွာပါ။ဒါေပမယ့္ ကြၽန္ေတာ္ဆိုတဲ့ေကာင္က အေမ့ရင္ခြင္ေအာက္ေရာက္ကတည္းက အ႐ိုက္မခံခဲ့ရဖူးဘူး။

ကဲ နိဒါန္းလည္းရွည္သြားၿပီ။လိုတိုရွင္းေျပာရရင္ တိုက္ခ်ီဒိုဆိုတာ ကြၽန္ေတာ္ပဲ။တစ္ေနကုန္ ခင္ဗ်ားတို႔အားလုံးကို အေဖာ္ျပဳေနတဲ့အေမအိုကို ျပန္အေဖာ္ျပဳေပးေနတာ ကြၽန္ေတာ္ေပါ့။
တစ္ေနကုန္ သူေတာ္ေကာင္းေတြနဲ႔သူယုတ္မာေတြၾကား ခဏခဏ ဗ်ာမ်ားေနရတဲ့အေမအိုကို အေျပးႀကိဳဖို႔ တစ္ေနကုန္ေစာင့္ေနရတာကိုက ကြၽန္ေတာ့္ေမတၱာတရားပါပဲ။

အေမက ကြၽန္ေတာ့္နာမည္နဲ႔ေရကစားမ႑ပ္ဖြင့္ေပးဖူးတယ္။တိုက္ခ်ီဒိုမ႑ပ္တဲ့။ခင္ဗ်ားတို႔ၾကားဖူးမွာေပါ့။နာမည္ႀကီးပဲဗ်။အဲဒီမ႑ပ္ႀကီးေဆာက္ၿပီးေတာ့ ခင္ဗ်ားတို႔စကားနဲ႔ေျပာရရင္ ကြၽန္ေတာ္ဆယ္လီျဖစ္ၿပီဗ်ာ။ကြၽန္ေတာ္လိုေကာင္ကိုေတာင္ ဒီလိုတေရးတယူခ်စ္တဲ့အေမ သူ႔ႏႈတ္ဖ်ားက တဖြဖြေျပာေနတဲ့ျပည္သူေတြဆိုတဲ့ဟာေတြအေပၚေတာ့ ဘယ္ေလာက္ေစတနာႀကီးမလည္း ခင္ဗ်ားေတြးၾကည့္ေပါ့ေလ။

ဒီလိုက်ဳပ္အေပၚစိတ္ရွည္ခဲ့တဲ့အေမ။ျမတ္ႏိုးခဲ့တဲ့အေမကို က်ဳပ္ဟာအဆုံးစြန္သစၥာမရွိႏိုင္ခဲ့ဘူး။ အေမ့ကိုအျပည့္အဝ က်ဳပ္ကာကြယ္မေပးႏိုင္ခဲ့ဘူး။က်ဳပ္ ရင္နာရတယ္ဗ်ာ။ေခြးမွာလည္း အသဲနဲ႔ပဲမို႔လား။ေခြးတစ္ေကာင္ရဲ႕ ခံစားခ်က္ေတြေပါ့ဗ်ာ။လူေတြေတာ့ ဘယ္လိုေတြးလည္းက်ဳပ္မသိဘူး။

အခုေတာ့ က်ဳပ္သြားရေတာ့မယ္။မၿမဲတဲ့သခၤါရေလာကမွာ ခ်စ္ျခင္းေတြသစၥာရွိျခင္းေတြကို စြန႔္ခြါရေတာ့မယ္။ေက်းဇူးကန္းျခင္း၊ ယုတ္မာျခင္းဆိုတာေတြကိုလည္း စြန႔္ခြါရတာ အျမတ္ေပါ့။ထားပါေတာ့ သြားရမယ့္ခရီးဆီသြားၿပီအေမေရ။အေမ့ကို ကြၽန္ေတာ္ဆက္အေဖာ္ျပဳမေပးႏိုင္ေတာ့ဘူးေပါ့။ဒါေပမယ့္ အေမအားမငယ္ပါနဲ႔ ။ဝမ္းမနည္းပါနဲ႔။အေမကို အေဖာ္ျပဳေပးမယ့္ အေမ့ႏႈတ္ဖ်ားက တသသေျပာခဲ့တဲ့သူေတြက်န္ေသးတယ္ေလ။ကြၽန္ေတာ္ကေတာ့ ႏႈတ္ဆက္ခဲ့ၿပီအေမေရ။

တကယ္လို႔မ်ား သံသရာဟာလူေတြေျပာသလိုရွည္လ်ားတယ္ဆိုရင္ အေမ့အနားမွာအေဖာ္ျပဳဖို႔တစ္ခ်ိန္ျပန္လာခဲ့ပါဦးမယ္။အဲဒီအခါက် အေမကြၽန္ေတာ့္အနားမွာပဲေနေနာ္။

​​ေဆာင္းပါးရွင္ _ မင္းဝႆန္


LEAVE A REPLY

Please enter your comment!
Please enter your name here