မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ကို ထောင်ဒဏ် ၁၈နှစ်ချမှတ်

0
134

(Unicode)

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ကို ထောင်ဒဏ် ၁၈နှစ်ချမှတ်

မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့ အဂတိအမှုတွေနဲ့ ထောင်၁၈နှစ်ကျခံစေဖို မကွေးအထူးတရားရုံးက အမိန့်ချလိုက်တယ်လို နီးစပ်သူတွေကပြောကြပါတယ်။

“ဒေါက်တာအောင်မိုးညို ကို အဂတိအမှု(၆) မှုအတွက်တမှုလျှင်(၃) နှစ်နဲ့ ပေါင်း(၁၈) နှစ်ချလိုက်တယ်လိုကြားသိရပါတယ်”လို နီးစပ်သူတွေကပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့အမှုတွေထဲက ပုဒ်မ ၅၀၅ (ခ)အမှုအတွက် မကွေးထောင်အထူးတရားရုံး က အလုပ်ကြမ်းနဲ့ထောင် ၂နှစ်ပြစ်ဒဏ်ချမှတ်ထားတာရှိပါတယ်။

(Zawgyi)






LEAVE A REPLY

Please enter your comment!
Please enter your name here