ရွှေညဝါဆရာတော်ကို ၅၀၅(ခ)ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ

0
169

(Unicode)

ရွှေညဝါဆရာတော်ကို ၅၀၅(ခ)ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချ

ရွှေညဝါဆရာတော်ကို ၅၀၅(ခ)ပုဒ်မနဲ့ အလုပ်ကြမ်းမပါ ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဆရာတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောပါတယ်။

ရွှေညဝါဆရာတော်ကို မူလက တရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)အမှုနဲ့မဟုတ်ဘဲ ပုဒ်မ ၅၀၅(ခ)အမှုကို ပြောင်းလဲပြီး ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။

“အားလုံးသိချင်နေကြမယ်ထင်ပါတယ်။ အရှင်ပညာသီဟ(ရွှေညဝါဆရာတော်)အား ယနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ ထောင်ဒဏ်(၂)နှစ် အလုပ်ကြမ်းမပါချမှတ်လိုက်ပါတယ်။ ၅၀၅-က ဖြင့်စွဲဆိုထားသောအမှုဖြစ်သော်လည်း ခုခံချေပမှုအရ ၅၀၅-က ဖြင့်စွဲဆိုရန်မသင့်ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။ သို့သော်တရားလိုတင်ပြသော သက်သေခံများအရ ထင်ရှားသဖြင့် ၅၀၅ (ခ)ဖြင့် အမိန့်ချမှတ်ခြင်းဖြစ်ပါတယ်။”လို့ ရွှေညဝါဆရာတော်ရဲ့ တပည့်တစ်ဦးဖြစ်သူက ၎င်းရဲ့ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ အသိပေးရေးသားထားတာတွေ့ရပါတယ်။

ဆရာတော်ဟာ ဖေဖော်ဝါရီ၁ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

(Zawgyi)

ေ႐ႊညဝါဆရာေတာ္ကို ၅၀၅(ခ)ပုဒ္မျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ အမိန႔္ခ်

ေ႐ႊညဝါဆရာေတာ္ကို ၅၀၅(ခ)ပုဒ္မနဲ႔ အလုပ္ၾကမ္းမပါ ေထာင္ဒဏ္ (၂)ႏွစ္ အမိန႔္ခ်မွတ္လိုက္တယ္လို႔ ဆရာေတာ္နဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းကေျပာပါတယ္။

ေ႐ႊညဝါဆရာေတာ္ကို မူလက တရားစြဲဆိုထားတဲ့ ပုဒ္မ ၅၀၅(က)အမႈနဲ႔မဟုတ္ဘဲ ပုဒ္မ ၅၀၅(ခ)အမႈကို ေျပာင္းလဲၿပီး ေထာင္ဒဏ္ ၂ ႏွစ္အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ သူတို႔ကဆိုပါတယ္။

“အားလုံးသိခ်င္ေနၾကမယ္ထင္ပါတယ္။ အရွင္ပညာသီဟ(ေ႐ႊညဝါဆရာေတာ္)အား ယေန႔ ဒီဇင္ဘာလ ၂၈ ရက္မွာ ေထာင္ဒဏ္(၂)ႏွစ္ အလုပ္ၾကမ္းမပါခ်မွတ္လိုက္ပါတယ္။ ၅၀၅-က ျဖင့္စြဲဆိုထားေသာအမႈျဖစ္ေသာ္လည္း ခုခံေခ်ပမႈအရ ၅၀၅-က ျဖင့္စြဲဆိုရန္မသင့္ေၾကာင္းေပၚေပါက္ခဲ့ပါတယ္။ သို႔ေသာ္တရားလိုတင္ျပေသာ သက္ေသခံမ်ားအရ ထင္ရွားသျဖင့္ ၅၀၅ (ခ)ျဖင့္ အမိန႔္ခ်မွတ္ျခင္းျဖစ္ပါတယ္။”လို႔ ေ႐ႊညဝါဆရာေတာ္ရဲ႕ တပည့္တစ္ဦးျဖစ္သူက ၎ရဲ႕ လူမႈကြန္ရက္ ေဖ့ဘုတ္စာမ်က္ႏွာမွာ အသိေပးေရးသားထားတာေတြ႕ရပါတယ္။

ဆရာေတာ္ဟာ ေဖေဖာ္ဝါရီ၁ရက္ေန႔ကတည္းက ထိန္းသိမ္းခံထားရတာျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here