မောင်တောတွင် အသတ်ခံလိုက်ရသည့် ရပ်/ကျေးစာရေးအမှု သံသယရှိသူတစ်ဦးကိုဖမ်းမိ

0
70

(Unicode)

မောင်တောတွင် အသတ်ခံလိုက်ရသည့် ရပ်/ကျေးစာရေးအမှု သံသယရှိသူတစ်ဦးကိုဖမ်းမိ

ရခိုင်ပြည်နယ် မောင်တော်မြို့ မြင်းလွတ် ကျေးရွာ ရပ်/ကျေးစာရေးအသတ်ခံရမှု နှင့် ပတ်သတ်ပြီးသံယရှိသူတစ်ဦးကို ဖမ်းမိထားသည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

“တစ်ဦးကို ဖမ်းမိထားပါတယ်။ကျန်တဲ့သူတွေကိုတော့ ဆက်လက်ဖော်ထုတ်နေဆဲပါ”ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၂၂ရက်က မောင်တောမြို့၊ မြို့မ အနောက်ရပ်ကွက်တွင် သေဆုံးသွားခဲ့သူမှာ အကြွေးတောင်းခြင်းမှတဆင့် စကားများကြပြီး အသတ်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကပြောဆိုထားသည်။

လက်ရှိဖမ်းဆီးထားသူမှာ အသက်၁၄နှစ်အရွယ်ရှိသူဖြစ်ကာ ကျန် နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်သည်ဟုရဲက ဆက်ပြောသည်။

“သက်သေခံပစ္စည်းတွေလည်း တွေ့ရှိထားပါတယ်”ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။

(Zawgyi)

ေမာင္ေတာတြင္ အသတ္ခံလိုက္ရသည့္ ရပ္/ေက်းစာေရးအမႈ သံသယရွိသူတစ္ဦးကိုဖမ္းမိ

ရခိုင္ျပည္နယ္ ေမာင္ေတာ္ၿမိဳ႕ ျမင္းလြတ္ ေက်း႐ြာ ရပ္/ေက်းစာေရးအသတ္ခံရမႈ ႏွင့္ ပတ္သတ္ၿပီးသံယရွိသူတစ္ဦးကို ဖမ္းမိထားသည္ဟု ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။

“တစ္ဦးကို ဖမ္းမိထားပါတယ္။က်န္တဲ့သူေတြကိုေတာ့ ဆက္လက္ေဖာ္ထုတ္ေနဆဲပါ”ဟု ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။

ဒီဇင္ဘာလ ၂၂ရက္က ေမာင္ေတာၿမိဳ႕၊ ၿမိဳ႕မ အေနာက္ရပ္ကြက္တြင္ ေသဆုံးသြားခဲ့သူမွာ အေႂကြးေတာင္းျခင္းမွတဆင့္ စကားမ်ားၾကၿပီး အသတ္ခံခဲ့ရသည္ဟု ရဲတပ္ဖြဲ႕ကေျပာဆိုထားသည္။

လက္ရွိဖမ္းဆီးထားသူမွာ အသက္၁၄ႏွစ္အ႐ြယ္ရွိသူျဖစ္ကာ က်န္ ႏွစ္ဦးမွာ လြတ္ေျမာက္ေနဆဲျဖစ္သည္ဟုရဲက ဆက္ေျပာသည္။

“သက္ေသခံပစၥည္းေတြလည္း ေတြ႕ရွိထားပါတယ္”ဟု ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here