အိန္ဒိယသို့ ပဲတန်ချိန်၃သိန်းကျော် (၅)နှစ်ဆက်တိုက်တင်ပို့သွားမည်

0
190

(Unicode)

အိန္ဒိယသို့ ပဲတန်ချိန်၃သိန်းကျော် (၅)နှစ်ဆက်တိုက်တင်ပို့သွားမည်

မြန်မာနဲ့ အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ်ရေး ထိုးခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ မတ်ပဲနဲ့ ပဲစင်းငုံတွေကို ၅နှစ်ဆက်တိုက် တင်ပို့ဖို့ရှိတယ်လို့ နစကစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးတာကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါ နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန်(၂ ဒသမ ၅) သိန်းနဲ့ ပဲစင်းငုံတန်ချိန် (၁)သိန်းတို့ကို ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် တင်ပို့သွားမှာလို့ သိရပါတယ်။

တင်ပို့မှုကို နောင်ဘဏ္ဍာနှစ် ၅ နှစ်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကစပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်(ဧပြီလမှ မတ်လ)အတွင်း အိန္ဒိယနိုင်ငံသို့ တင်ပို့သွားမှာပါ။

အဲ့ဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း‌ရေးအထူးလုပ်ငန်းအဖွဲ့ရဲ့ ညှိနှိုင်း အစည်းအဝေးသို့ ဒီဇင်ဘာ၁၆ရက် နံနက် ၁၀ နာရီက နစက စီးပွား‌ရေးနဲ့ ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပခဲ့တာရှိပါတယ်။

နစကဘက်က အိန္ဒိယနိုင်ငံသို့ G to G MoU အရ ပဲတင်ပို့မှုလွယ်ကူ လျင်မြန်စေဖို့နဲ့ စနစ်တကျ တင်ပို့နိုင်ရေးဆိုင်ရာ ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားပြီးပါပြီ။

 MOU အရ နှစ်နိုင်ငံ Joint Monitoring Committee အစည်းအဝေး မကျင်းပမီ နှစ်ဘက်ကြိုတင် ညှိနှိုင်းအစည်းအဝေးတစ်ခုကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ကုန်ပိုင်းအတွင်း ကျင်းပသွားရန် အိန္ဒိယဘက်နဲ့ ညှိနှိုင်းဆောင်ရွက်နေတာရှိပါတယ်။

 ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်ဟာ မြန်မာ့ပဲမျိုးစုံ တင်ပို့မှုသမိုင်းမှာ အမြင့်ဆုံးဖြင့် တန်ချိန် (၂)သန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁ ဒသမ ၅၇)ဘီလီယံ ရရှိထားပါတယ်။

(Zawgyi)

အိႏၵိယသို႔ ပဲတန္ခ်ိန္၃သိန္းေက်ာ္ (၅)ႏွစ္ဆက္တိုက္တင္ပို႔သြားမည္

ျမန္မာနဲ႔ အိႏၵိယႏိုင္ငံအစိုးရမ်ားအၾကား လက္မွတ္ေရး ထိုးခဲ့တဲ့ မတ္ပဲနဲ႔ ပဲစင္းငုံကုန္သြယ္မႈ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာအရ ျမန္မာႏိုင္ငံမွ အိႏၵိယႏိုင္ငံသို႔ မတ္ပဲနဲ႔ ပဲစင္းငုံေတြကို ၅ႏွစ္ဆက္တိုက္ တင္ပို႔ဖို႔ရွိတယ္လို႔ နစကစီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနကေန သိရပါတယ္။

နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးတာကို ၂၀၂၁ ခုႏွစ္၊ ဇြန္ ၁၈ ရက္က ျပဳလုပ္ခဲ့တာျဖစ္ၿပီး အဆိုပါ နားလည္မႈစာခြၽန္လႊာအရ ျမန္မာႏိုင္ငံမွ ႏွစ္စဥ္ မတ္ပဲတန္ခ်ိန္(၂ ဒသမ ၅) သိန္းနဲ႔ ပဲစင္းငုံတန္ခ်ိန္ (၁)သိန္းတို႔ကို ပုဂၢလိကကုန္သြယ္မႈမွတစ္ဆင့္ တင္ပို႔သြားမွာလို႔ သိရပါတယ္။

တင္ပို႔မႈကို ေနာင္ဘ႑ာႏွစ္ ၅ ႏွစ္၊ ၂၀၂၁-၂၀၂၂ ဘ႑ာႏွစ္ကစၿပီး ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္(ဧၿပီလမွ မတ္လ)အတြင္း အိႏၵိယႏိုင္ငံသို႔ တင္ပို႔သြားမွာပါ။

အဲ့ဒီ့ကိစၥနဲ႔ ပတ္သတ္ၿပီး ပဲမ်ိဳးစုံတင္ပို႔မႈဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္း‌ေရးအထူးလုပ္ငန္းအဖြဲ႕ရဲ႕ ညႇိႏႈိင္း အစည္းအေဝးသို႔ ဒီဇင္ဘာ၁၆ရက္ နံနက္ ၁၀ နာရီက နစက စီးပြား‌ေရးနဲ႔ ကူးသန္းေရာင္းဝယ္‌ေရးဝန္ႀကီးဌာန၊ အစည္းအေဝးခန္းမမွာ ဗီဒီယိုကြန္ဖရင့္စနစ္နဲ႔ က်င္းပခဲ့တာရွိပါတယ္။

နစကဘက္က အိႏၵိယႏိုင္ငံသို႔ G to G MoU အရ ပဲတင္ပို႔မႈလြယ္ကူ လ်င္ျမန္ေစဖို႔နဲ႔ စနစ္တက် တင္ပို႔ႏိုင္ေရးဆိုင္ရာ ႀကီးၾကပ္မႈလုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းထားၿပီးပါၿပီ။

 MOU အရ ႏွစ္ႏိုင္ငံ Joint Monitoring Committee အစည္းအေဝး မက်င္းပမီ ႏွစ္ဘက္ႀကိဳတင္ ညႇိႏႈိင္းအစည္းအေဝးတစ္ခုကို ၂၀၂၂ ခုႏွစ္၊ ဒီဇင္ဘာလ ကုန္ပိုင္းအတြင္း က်င္းပသြားရန္ အိႏၵိယဘက္နဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတာရွိပါတယ္။

 ၂၀၂၀ – ၂၀၂၁ ဘ႑ာႏွစ္ဟာ ျမန္မာ့ပဲမ်ိဳးစုံ တင္ပို႔မႈသမိုင္းမွာ အျမင့္ဆုံးျဖင့္ တန္ခ်ိန္ (၂)သန္းေက်ာ္၊ တန္ဖိုးအေမရိကန္ေဒၚလာ (၁ ဒသမ ၅၇)ဘီလီယံ ရရွိထားပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here