ပဲခူးကနေ ရန်ကုန် လှိုင်သာယာက ဒဂုံဧရာအဝေးပြေးအထိ ယာဥ်လိုင်းသစ်စတင်ပြေးဆွဲ

0
164

(Unicode)

ပဲခူးကနေ ရန်ကုန် လှိုင်သာယာက ဒဂုံဧရာအဝေးပြေးအထိ ယာဥ်လိုင်းသစ်စတင်ပြေးဆွဲ

ပဲခူးမြို့၊ကျွန်းသာယာအဝေးပြေးကားဝင်းကနေ ရန်ကုန်၊လှိုင်သာယာက ဒဂုံဧရာအဝေးပြေးဝင်းအထိ Myanmar Trade Center Co., Ltd က အများပြည်သူသယ်ယူပို့ဆောင်ရေး ရန်ကုန်-ပဲခူးယာဥ်လိုင်းသစ်ကို ကားလေးစီးနဲ့ ဒီဇင်ဘာ ၁၅ ရက်ကစပြီးပြေးဆွဲပေးလျက်ရှိပါတယ်။

အဲဒီယာဥ်လိုင်းဟာ တစ်နေ့ကို လေးကြိမ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ ယာဥ်စီးခကတော့ ခရီးစဥ် အစ အဆုံးကို ၂၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။

ရန်ကုန်၊လှိုင်သာယာက ဒဂုံဧရာအဝေးပြေးကားဝင်းကနေ ပထမဆုံးကားက မနက် ၈ နာရီမှာစ တင်ထွက်ခွာမှာဖြစ်ပြီး ပဲခူး၊ကျွန်းသာယာအဝေးပြေးဝင်းကနေ ပထမဆုံးကားက မနက် ၆ နာရီမှာစတင်ထွက်ခွာမှာဖြစ်ပါတယ်။

မောင်းနှင်ရာမှာလည်း ရပ်/ချ/တင်/ထွက် စနစ်နဲ့မောင်းနှင်ရမှာဖြစ်ပြီး အမြန်နှုံးသတ်မှတ်ချက်ကိုလည်း တသမတ်တည်းပဲမောင်းနှင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

လိုက်ပါမည့်ခရီးသည်တွေဟာ ယာဥ်စီးခပေးချေရာမှာလည်း ငွေပုံးထဲကိုတိုက်ရိုက်ထည့်သွင်းရမည့်စနစ်ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ယာဥ်လိုင်းသစ်မှာအသုံးပြုတဲ့ ကားတွေဟာ ကိုရီးယားနိုင်ငံ နည်းပညာအတိုင်း မြန်မာနိုင်ငံတွင် ထုတ်လုပ်တပ်ဆင်ထားတဲ့ Daewoo Intercity Bus BS 106 Model(Aircon Bus)အမျိုးအစားတွေဖြစ်ပါတယ်။

(Zawgyi)

ပဲခူးကေန ရန္ကုန္ လႈိင္သာယာက ဒဂုံဧရာအေဝးေျပးအထိ ယာဥ္လိုင္းသစ္စတင္ေျပးဆြဲ

ပဲခူးၿမိဳ႕၊ကြၽန္းသာယာအေဝးေျပးကားဝင္းကေန ရန္ကုန္၊လႈိင္သာယာက ဒဂုံဧရာအေဝးေျပးဝင္းအထိ Myanmar Trade Center Co., Ltd က အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ရန္ကုန္-ပဲခူးယာဥ္လိုင္းသစ္ကို ကားေလးစီးနဲ႔ ဒီဇင္ဘာ ၁၅ ရက္ကစၿပီးေျပးဆြဲေပးလ်က္ရွိပါတယ္။

အဲဒီယာဥ္လိုင္းဟာ တစ္ေန႔ကို ေလးႀကိမ္ေျပးဆြဲေပးသြားမွာျဖစ္ပါတယ္။ ယာဥ္စီးခကေတာ့ ခရီးစဥ္ အစ အဆုံးကို ၂၀၀၀ က်ပ္သတ္မွတ္ထားပါတယ္။

ရန္ကုန္၊လႈိင္သာယာက ဒဂုံဧရာအေဝးေျပးကားဝင္းကေန ပထမဆုံးကားက မနက္ ၈ နာရီမွာစ တင္ထြက္ခြာမွာျဖစ္ၿပီး ပဲခူး၊ကြၽန္းသာယာအေဝးေျပးဝင္းကေန ပထမဆုံးကားက မနက္ ၆ နာရီမွာစတင္ထြက္ခြာမွာျဖစ္ပါတယ္။

ေမာင္းႏွင္ရာမွာလည္း ရပ္/ခ်/တင္/ထြက္ စနစ္နဲ႔ေမာင္းႏွင္ရမွာျဖစ္ၿပီး အျမန္ႏႈံးသတ္မွတ္ခ်က္ကိုလည္း တသမတ္တည္းပဲေမာင္းႏွင္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

လိုက္ပါမည့္ခရီးသည္ေတြဟာ ယာဥ္စီးခေပးေခ်ရာမွာလည္း ေငြပုံးထဲကိုတိုက္႐ိုက္ထည့္သြင္းရမည့္စနစ္ကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။

ယာဥ္လိုင္းသစ္မွာအသုံးျပဳတဲ့ ကားေတြဟာ ကိုရီးယားႏိုင္ငံ နည္းပညာအတိုင္း ျမန္မာႏိုင္ငံတြင္ ထုတ္လုပ္တပ္ဆင္ထားတဲ့ Daewoo Intercity Bus BS 106 Model(Aircon Bus)အမ်ိဳးအစားေတြျဖစ္ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here